Extra-2

270 21 0
                                    

Zawgyi
-Vee Vivis-

ကို​ယ့်​ထမင်းကိုယ်​စားပြီးကျွန်​​တော့်​သူငယ်​ချင်းနဲ့ဆရာဝန်​နဲ့အီစီကလီလုပ်​​နေတာကို​ဘေးက​နေထိုင်​ကြည့်​​နေရပါတယ်​ Barပြန်​​ရောက်​လာကတည်းက နှစ်​​ယောက်​လုံးဘာဆိုဘာမှမလုပ်​ပဲတစ်​​ယောက်​ကိုတစ်​​ယောက်​စိုက်​ကြည့်​​နေကြတာ ကျွန်​​တော်​တို့အလုပ်​သင်​ဆင်း​တော့လည်း သူတို့နှစ်​​ကောင်​ကပုံ​တွေခဏခဏတင်​ပြီးအားအားရှိအီစီကလီရိုက်​​နေကြ​သေးတယ်​ ကျွန်​​တော်​​ရော Bar​ရောနှစ်​​ယောက်​လုံးရဲ့ချစ်​သူ​တွေကအသက်​အတူတူ​ကောင်​​လေး​တွေဆို​ပေမယ့်​ ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ကွာခြားချက်​ကမိုးနဲ့​မြေလိုပဲ

Gunကအမြဲတမ်း Barကိုကားနဲ့လာ​ခေါ်ပြီးနှစ်​​ယောက်​သားအပြင်​ထွက်​​နေကြချိန်​မှာ ကျွန်​​တော်​က​တော့ကိုယ့်​​နေရာမှာကိုယ်​တစ်​​ယောက်​တည်းအထီးကျန်​​နေရတယ်​ ​နေ့တိုင်းအလုပ်​ကစီနီယာ​တွေနဲ့အရက်​​သောက်​သွားတိုင်း Barကသူ့​ကောင်​​လေးကမလိုက်​ခိုင်းလို့ဆိုပြီး ဖုနိးဆက်​​ပြော​နေတဲ့အချိန်​မှာ တစ်​ခြားတစ်​ဖက်​ခြမ်းကMarkက​တော့ ကျွန်​​တော့်​ကိုစီနီယာ​တွေနဲ့အတူလိုက်​သွားပြီးတတ်​နိုင်​သမျှအ​တွေ့အကြုံ​တွေကိုရ​အောင်​ယူဖို့ အားအားရှိသူ့ကိုဖုန်းမ​ခေါ်ဖို့ပဲ​ပြော​နေတယ်​ ရုံးပိတ်​ရက်​သုံးရက်​ဆက်​တိုက်​ရတုန်းကလည်း BarကGunဆီကိုသွားပြီးစပရိုက်​စ်​သွားလုပ်​​နေချိန်​မှာ ကျွန်​​တော်​က​တော့Markကို​တွေ့​တောင်​မ​တွေ့လိုက်​ရဘူး ကျွန်​​တော်​ကသိပ်​ပြီး​တော့မ​ကျေမနပ်​ဖြစ်​​နေတာမဟုတ်​ပါဘူး ကျွန်​​တော့်​ဘဝကြီးကကျွန်​​တော့်​သူငယ်​ချင်းနဲ့စာရင်​အရမ်းကိုခက်​ခဲ​နေတယ်​ဆိုတဲ့အ​ကြောင်းကို​ပြောပြ​နေတာ

"နင်​တို့တကယ်​ကြီးမနာလိုဖြစ်​​နေတာ​ပေါ့ ဆရာဝန်​တစ်​​ယောက်​ကို​ကောင်​​လေးအဖြစ်​​တော်​ထားတဲ့သူကို​လေ"

ကျွန်​​တော်​Pamကိုတစ်​ချက်​ကြည့်​လိုက်​ပြီး Barတို့အတွဲကိုပြန်​ကြည့်​လိုက်​တယ်​ Gunက Barရဲ့လည်​ပင်းကိုသူ့လက်​​မောင်း​တွေနဲ့​လျော့တိ​လျော့ရဲသိုင်းဖက်​ထားတယ်​ ဆရာဝန်​ကတစ်​ခုခု​ပြောလိုက်​တိုင်းကျွန်​​တော့်​သူငယ်​ချင်းကဘာမှပြန်​မ​ပြောပဲရှက်​ပြုံးကြီးနဲ့ပဲကြည့်​​နေ​တော့တာ သူတို့ကိုမြင်​​နေရတာက ကျွန်​​တော့်​အတွက်​စိတ်​အ​နှောင့်​အယှက်​ပဲ

Love MeWhere stories live. Discover now