"သားငယ် ဒယ်ဒီပြန်ရောက်ပြီး""အဟက် ဒယ်ဒီခရီးသွားတယ်ဆိုတာမယားငယ်မသမီးကိုသွားခေါ်လာတာလား"
"မင်း မရိုင်းစမ်းနဲ့ နေသွေးမာန်"
"နာတာလားဒယ်ဒီက မာမီကဆုံးသွာတာဖြင့်မကြာသေးဘူးဒယ်ဒီကမယားငယ်မသမီးကိုအိမ်ထိခေါ်တင်လာတာမာမီ့ကိုဂရုမစိုက်တာလားဒယ်ဒီ"
" သား ဒယ်ဒီရှင်းပြ...."
"မလိုဘူးဒယ်ဒီ အကြောင်းပြချက်တွေသားမကြိုက်ဘူး ပြီးတော့ဟိုခလေးမ" မာန်ပြောနေရင်း ဒယ်ဒီ့နောက်မှာရပ်နေတဲ့ခလေးမကိုခေါင်းစခြေဆုံးကြည့်ကာလက်ညှိုုးထိုးကာခေါ်လိုက်ပြီး
"ဒီနေ့ကစပြီးမင်းကငါ့ရဲ့အစေခံပဲနားလည်လား"
"ဟင် "
"ဘာလဲ ငါ့အိမ်မှာနေပြီးမင်းကအချောင်ခိုချင်တာလား မရဘူးမှတ်"
"ဟို ချစ်ခြင်းပြောတာအဲ့လိုမဟုတ်ပါဘူး ချစ်ခြင်းလုပ်ပါ့မယ်"
"သား မင်းလွန်မလာနဲ့"
"ဒါကအစပဲရှိပါသေးတယ်ဒယ်ဒီ" မာန်မျက်ခုံးပင့်ကာနှုတ်ခမ်းကိုမဲ့ပြလိုက်ရင်းအပေါ်ထပ်ကိုတက်လာခဲ့သည်
"သမီး ချစ်ခြင်း
"ရှင် အန်ကယ်"
"သားရဲ့စကားတွေကိုဗွေမယူပါနဲ့ကွယ် သားမာမီဆုံးတဲ့ကိစ္စနဲ့သူ့စိတ်တွေရှုပ်ထွေးနေလို့ပါ"
"ချစ်ခြင်းနာလည်ပါတယ်အန်ကယ်"
"ကျေးဇူးပါကွယ်"
"မဟုတ်တာအန်ကယ်ရယ် ချစ်ခြင်းကိုဒီကိုခေါ်လာပြီးနေစရာပေးတာကိုပဲကျေးဇူးတင်လှပါပြီး ချစ်ခြင်းအိမ်မှုကိစ္စတွေကူလုပ်ပါ့မယ်အန်ကယ်"
"အဲ့လောက်မလိုပါဘူး ဒါနဲ့သမီးဆေးကျောင်းဆက်တက်ဖို့အန်ကယ်စီစဥ်ပေးမယ် ဒါကိုတော့မငြင်းပါနဲ့သမီးမေမေရဲ့မျှော်လင့်ချက်မဟုတ်လား"
"ဒါပေမဲ့အန်ကယ်...."
"........."
" ကျေးဇူးတင်ပါတယ်ချစ်ခြင်း ဆေးကျောင်းဆက်တက်ပါ့မယ်"
"ဟုတ်ပြီး အိမွန်ရေ "
"ဟုတ်ကဲ့ သခင်ကြီး
![](https://img.wattpad.com/cover/312076623-288-k477958.jpg)