ကိုကိုလူဆိုးep(17)

13.7K 224 1
                                    

ကိုကိုလူဆိုးep(16)(uni)

ချစ်ခြင်းတို့ဟိုကပြန်ရောက်ပြီး3ရက်အထိအလုပ်များခဲ့ကြသည် မာန်လည်းစာရင်းစစ် လက်မှတ်ထိုးရုံးပုံမှန်တက်နေသလိုတစ်ခါတလေညနက်မှပြန်လာရသည့်နေ့လဲရှိသည် ချစ်ခြင်းလည်းခွင့်ရက်များတာကြောင့်စာတွေပြန်လိုက်နေရသလိုစာမေးပွဲနီးနေပြီဖြစ်တာကြောင့်စာကိုပဲပိုကျက်မှတ်ကာအိမ်နှင့်ကျောင်း ကျောင်းနှင့်အိမ်ကိုဖြစ်နေလေသည်

မြူးငယ်ကတော့ပန်းချီသင်တန်းတက်နေတာကြောင့်မာန်အတွက်တပူအေးသွားရသည် မဟုတ်ရင်ဒီကလေးမကသူ့အနားပဲဝဲဝဲနေတာလေ ရဲနောင်လည်းစာတွေအပြီးလိုက်နေတာကြောင့်ချစ်ခြင်းနှင့်ပင်မတွေ့ဖြစ်ကြ ထပ်မနှောက်ယှက်တော့တာလဲပါမည် သို့ပေမယ့်သူငယ်ချင်းလိုတော့ခေါ်ပြောစရှိမြဲပင်

"ဒေါက် ဒေါက် သူဌေး"

"အင်း ဝင်ခဲ့"

"ကျွီး"

"ဘာကိစ္စလဲ"

"ဒေါ်မူယာငယ်ကသူဌေးကိုတွေ့ခွင့်တောင်းနေပါတယ်"

"အင်း ဝင်လာခိုင်းလိုက်"

ခဏအကြာဒေါ်မူယာငယ်ဝင်လာကာ မျက်နှာမသာမယာနှင့်မို့မာန်ကဆီးကြိုမေးလိုက်သည်

"ဘာဖြစ်လာတာလဲအန်တီ"

"သမီးမြူးငယ်"

"မြူးငယ်ဘာဖြစ်လို့လဲ"

"ဟိုကပြန်ရောက်ပြီးကတည်းကတမှိုင်မှိုင်တတွေတွေနဲ့ပန်ချီပဲထိုင်ဆွဲနေတာခုတော့သွေးအားနည်းပြီးမူးလဲလို့ဆေးပြန်ချိတ်ထားရတယ်သားမာန်ရယ် အဟင့်"

"ဗျာ"

နဂိုကတည်းကနှလုံးအားနည်းနေတာပါဆိုဒီကလေးမတော့မအေကိုစိတ်ပူရအောင်လုပ်နေပြန်ပြီး

"သားမာန် အန်တီတောင်းဆိုပါရစေကွယ် သမီးလေးအနားမှာခဏဂရုစိုက်နေပေးလို့ရမလားသူပြန်ကောင်းရင်သားသဘောပါကွယ်"

"အန်တီ ဒါက....."

"မြူးငယ်က သားပြောရင်ရပါတယ်ကွယ် ငယ်ငယ်ကတည်းကသားပဲစာသင်ဆုံးမသွန်သင်ပေးခဲ့တာမို့လား သားကိုလဲသံယောဇဥ်ရှိနေရောသားပြောရင်ရပါတယ်ကွယ်"

ကိုကိုလူဆိုးWhere stories live. Discover now