ကိုကိုလူဆိုးep(31)

14.1K 345 5
                                    


ချစ်ခြင်းတို့မနက်စောစောပြန်ခဲ့ကြပါသည် အိမ်ကိုရောက်သည်ဆိုရင်ပဲသားသုံးယောက်ကခြံဝန်းထဲကိုကြည့်ကာပျော်မြူးနေသည် ချစ်ခြင်းကတော့အန်ကယ့်ဆီသွားကာ

"အန်ကယ်"

"သမီးလေး"

"အဟင့် ကျန်းမာတယ်မလားဟင် သမီးတောင်းပန်ပါတယ်အဲ့လိုရုတ်တရက်ကြီးထွက်မသွားခဲ့သင့်ဘူး"

"မဟုတ်တာကွာ သားအမှားတွေကြောင့်ပါဒယ်ဒီဘာမှမဖြစ်ပါဘူးသမီးရယ် မငိုနဲ့တော့တိတ် ဒါကဒယ်ဒီ့မြေးလေးတွေပေါ့ဟုတ်လား"

"ဒယ် ဒယ်ဒီ..."

"အင်းလေ ဘာလဲကလေးကခုထိအန်ကယ်လို့ခေါ်ဦးမှာလားကလေးသုံးယောက်တောင်ရနေပြီးကိုကွာ"

"ကိုကိုနော်"

"လာ သားတို့ကိုသွားချီရအောင်"

မြက်ခင်းစိမ်းစိမ်းတွေထဲထိုင်ဆော့နေကြသောသားသုံးယောက်ထဲမာန်ကနှစ်ယောက်ကိုပွေ့ကာတယောက်ကိုချစ်ခြင်းကချီလိုက်ပြီး

"ဒါကဖိုးမြေးလေးတွေပေါ့ ဟား အမွှာလေးတွေကြည့်စမ်းကွာတတုံးတခဲကြီး သမီးတော်တော်ပင်ပန်းခဲ့မှာပဲ"

"အဟင်း အဲ့လောက်မဟုတ့ပါဘူးဒယ်ဒီရဲ့"

"ပြောပါဦးမင်းတို့နာမည်လေးတွေ"

ဦးမဟာမာန်မေးလိုက်တော့ သားကြီးသားဦးနေနိုင်တာသူ့အဖေလက်ထဲမှဆင်းကာ

"တားက တားဦးနေနိုင်ပါခဗျ"

"သားဦးနေနိုင်ပါဒယ်ဒီ"

"ကဲ ဒီဘက်တယောက်ကကော"

လင်းလတ်ဘက်ကိုကြည့်ကာမေးတော့

"တားက လင်းလတ်ခြင်းလို့ခေါ်ပါသယ်"

"တားကတော့ နေမင်းမာန်ပါဗျ"

"အဟား ဖိုးမြေးတွေကအလည်လေးတွေကွာ လာဖိုးနဲ့ဒီမှာပဲနေကြရအောင်မြေးတို့."

ဦးမဟာမာန် မြေးသုံးယောက်ကိုဖက်ကာလက်လေးတွေကိုကိုင်လိုက်ပြီး ခြံဝန်းထဲမြေးဖိုးသုံးယောက်လမ်းလျှောက်ကြသည်

"မိန်းမ"

"အင့် ကိုကို"

မာန် သူမကိုခေါ်ပြီးနောက်မှတင်းကြပ်စွာဖက်လိုက်တာမို့

ကိုကိုလူဆိုးWhere stories live. Discover now