ကိုကိုလူဆိုးep(12) (uni)

15.5K 414 9
                                    


ဒီနေ့မြူးငယ်ဆေးရုံဆင်းမယ်ဆိုတာကြောင့် မာန်သွားကြိုရပြန်သည် ဟိုကောင်ရဲနောင်သွေးကလာကြိုမည်ဆိုတာကိုမြူးငယ်ကဂျီကျကာ ဂျစ်တိုက်နေတကြောင့်မာန်အလုပ်ပျက်ခံပြီးသွားကြိုရသည် သူတို့အိမ်ကိုပို့ပေးပြီးပြန်မယ်အလုပ် မြူးငယ်ကမာန်လက်ကိုဆွဲထားကာ

"ဦးမာန် မြူးငယ်ဂျပန်ကိုသွားလည်ချင်တယ်ဦးမာန်လိုက်ပို့ပေးပါလား"

"မဖြစ်ဘူးထင်တယ်မြူးကယ် ကိုမအားဘူး"

"လုပ်ပါ ဦးမာန်နော်"

"မရလို့ပါမြူးငယ်" မာန်သူ့လက်ကိုဖြုတ်ချကာကားပေ်တက်မည်အလုပ် အန်တီမူယာထွက်လာပြီးထိုသို့ပြောခဲ့သည်

"သားမာန် သမီးငယ်ကမင်းကိုသိပ်ခင်တွယ်သလိုသိပ်ချစ်တာမို့လို့ပါကွယ် နေပြန်ကောင်းနေပြီဆိုတော့သူလဲလည်ချင်နေမှာပေါ့ကွယ့် သားမာန်ကပဲလိုက်ပို့ပေးပါလို့အန်တီတောင်းဆိုပါရစေအန်တီလည်းအသက်ကြီးလာတော့သွားရလာရခရီးဝေးဆိုအဆင်မပြေတော့လို့ပါ"

ထိုသို့အသနားခံကာဆိုလာလေတော့မာန်လည်းမနေသာတော့ဘဲ

"ဟုတ် သားပို့ပေးပါ့မယ်အန်တီ ခုတော့ခွင့်ပြုပါဦး"

"ကောင်းပါပြီကွယ်"

မာန်ကားပေါ်တက်လိုက်ကာထိုနေရာမှထွက်လာခဲ့သည်ဆိုရင်ပဲ

"သမီးငယ်"

"ရှင် မာမီ"

"သားမာန်ကိုသိပ်ပြီးဂျီမကျပါနဲ့ကွယ် လူ့စိတ်ဆိုတာအတင်းလုပ်ယူလို့မရဘူးကွဲ့"

"မြူးငယ်နဲ့အနေကြာသွားရင်ဦးမာန်မြူးငယ်အပေါ်ခံစားချက်ရှိလာမှာပါမာမီရဲ့ "

"ငါ့သမီးရယ်"

ဒေါ်မူယာငယ် ရင်မောသွားရကာခေါင်းလေးခါပြီးသက်ပြင်းချလိုက်မိတော့သည်။

မာန်အတွေးများစွာနှင့်အိမ်ပြန်ရောက်လာတော့ဒယ်ဒီလဲဘန်ကောက်ကပြန်ရောက်နေပြီဖြစ်သည်

"ဒယ်ဒီ ပြန်လာပြီလား"

"အေးကွာ ဒယ်ဒီလဲအသက်အရွယ်ရလာတော့လူပမာတစ်ယောက်နားအကြာကြီးမနေနိုင်ပါဘူးကွယ်"

ကိုကိုလူဆိုးWhere stories live. Discover now