ကိုကိုလူဆိုးep(20)

13.8K 228 1
                                    

ကိုကိုလူဆိုးep(20)

"ဘာ ဦးမာနျကခစြျခွငျးသဒ်ဒါနဲ့လကျထပျတော့မယျဟုတျလား"

"ခုနတေော့စေ့စပျထားပွီးခစြျခွငျးသဒ်ဒါစာမေးပှဲဖွပွေီးတာနဲ့လကျထပျတော့မယျလို့သိရပါတယျမမလေး"

မနေ့ကသင်းရနံ့ပြောသွားတဲ့စကားကြောင့်စိတ်ကထင့်လာတာနဲ့စုံစမ်းခိုင်းလိုက်တာ ဦးမာန်တကယ်ပဲ

"ငါနောက်မကျသေးပါဘူးအဟက် ဒီမဂ်လာပွဲမဖြစ်မြောက်စေရဘူး"

မြူးငယ် ဦးမာန်ဆီဖုန်းခေါ်လိုက်ပြီး

"တူး တူး"

"ဟဲလို"

"အ ဦးမာန် မြူးငယ်ရင်ဘက်တွေအောင့်လာပြန်ပြီး"

"ဟင် ခဏနေဦး ကိုယ်လာခဲ့မယ်အဲ့မှာစောင့်နေ"

မာန်လုပ်လက်စတွေကိုရပ်လိုက်ကာ မြူးငယ်ဆီသွားလိုက်သည်

"ဒေါက် ဒေါက် မြူးငယ်ကိုပါ"

"ဦးမာန်"

"အင်း ဘယ်လိုဖြစ်တာလဲ"

"မသိဘူးရင်ဘက်တွေရုတ်တရက်အောင့်လာတာ"

"ဒီကအိမ်ဖော်တွေရော မင်းအတွက်ဆေးယူလာခိုင်းလေ"

"ဆေးက ကုန် ကုန်နေလို့"

တကယ်ကမြူးငယ်ဟန်ဆောင်နေတာကြောင့်ဆေးတွေကိုအကုန်မသောက်ပဲပစ်ထုတ်လိုက်တာဖြစ်သည်

"ဖြစ်ရမယ် လာဆေးခန်းသွားမယ်"

"ဟုတ် ဦးမာန် ဒါနဲ့မြူးငယ်လမ်းမလျှောက်နိုင်လို့ ဦးမာန်တွဲကူပေးပါလား"

မာန်လည်းပြီးပြီးရောဆိုပြီးခါးကိုဖက်ကာတွဲကူပေးလိုက်သည် အောက်ရောက်တော့ကားတံခါးဖွင့်ပေးလိုက်ပြီးအထဲဝင်စေလိုက်ကာဆေးခန်းသို့လာခဲ့ကြသည်

ချစ်ခြင်းဒီနေ့လည်းခွင့်ယူလိုက်ရပြီးအိမ်မှာနေရင်းစာလုပ်လိုက်သည်နေ့လည်12ထိုးတော့မည်ဖြစ်တာကြောင့်ကိုကို့ဆီထမင်းပို့ရန်ပြင်လိုက်ပြီးကိုကို့ကုမ္ဗဏီသို့လာခဲ့လိုက်သည်

"မမလေး"

"ဟင်"

"သူဠေးဆီလာတာထင်တယ်ဗျထမင်းချိုင့်နဲ့ဆိုတော့ဟဲဟဲ"

ကိုကိုလူဆိုးWhere stories live. Discover now