"ဟယ် ကျူးရင့်သဒ္ဒါငယ် သမီးလေးမပြေးရဘူးလေ"
2နှစ်သာရှိသေးတဲ့သမီးလေးဟာခြေလေးတွေမတတ်တခေါက်လေးနဲ့ယိုင်နဲ့နဲ့လေးပြေးနေတာကြောင့်ချစ်ခြင်းအနောက်ကလိုက်ထိန်းနေရသည် အမွှာလေးတွေက5နှစ်ပြည့်သွားပြီဖြစ်တာကြောင့်မူကြိုစပို့နေပြီး ကိုကိုကတော့အလုပ်ကိုသွားကာညနေကလေးတွေကိုကြိုပြီးပြန်လာတတ်သည်
မြက်ခင်းပြင်စိမ်းစိမ်းလေးမှာသမီးလေးကထိုင်ချလိုက်ကာသူ့အရုပ်တွေနဲ့ကစားနေလေရဲ့ ချစ်ခြင်းမှာသာညနေသားတို့ပြန်လာချိန်ရောက်ပြီဖြစ်တာကြောင့်ခြံတံခါးဝကိုတမျှော်မျှော်
"တီးတီးတီး"
ဟော ကားသံကြားရပါပြီး သူမချစ်ရတဲ့ခင်ပွန်းနဲ့သားကလေးတွေပြန်လာကြပြီမို့တံခါးဝဆီသွားကာဆီးကြိုလိုက်သည်
"ကိုကိုတို့ ပြန်လာကြပြီလား"
"အင်း မိန်းမ"
မာန်ကားပေါ်ကဆင်းကာ ချစ်ဇနီးကိုယ်လုံးလေးကိုဆွဲဖက်လိုက်ပြီး နှုတ်ခမ်းထက်ကိုအနမ်းတွေဝေမည်ကြံတုန်း
"ဘုန်းဘုန်း တံခါးဖွင့်ပေးကြဦးလေ"
နောက်ခန်းဆီမှသားတို့အသံကြောင့်နှစ်ယောက်သားရှက်ရှက်နဲ့ပြုံးမိလိုက်ကြကာ
"အဟွန်း ဖေဖကေမငျးတို့မေမကေိုတှေ့ပွီး သားတို့ကိုပါမေ့သွားတာပါကွာ"
"ဖေဖေကသားတို့ထက်မေမေတို့ကိုပိုချစ်တာပေါ့"
"မတရားတာ"
"သားတို့ကပိုချစ်ဖို့ကောင်းတယ်မဟုတ်ဘူးလား"
မာန်တံခါးဖွင့်ပေးလိုက်တော့သုံးယေောကျသားကားပေါျကဆငျးပွီးအဖနေဲ့အမကေိုဆူနလေရေဲ့ မာန်ညစ်ကျယ်ကျယ်ပြုံးကာ
"အဟက် မင်းတို့သုံးကောင်ထက် ငါ့ရွှေမင်းသမီးလေးကချစ်ဖို့အကောင်းဆုံးကွ"
"ဟာ ဖေဖေ့...."
မာန် မြက်ခင်းစိမ်းစိမ်းပေါ်ထိုင်ပြီးကစားနေတဲ့သမီးလေးဆီအပြေးသွားကာ ချီမြှောက်လိုက်သည် နောက်မှာကျန်တဲ့သုံးယောက်ရဲ့အသံတွေကတော့ဆူညံလို့ပေါ့