ကိုကိုလူဆိုးep (7)

18.7K 320 6
                                    


"ဒေါက် ဒေါက် ဒေါက် သားရေ8နာရီခွဲနေပြီးကွ မင်းပြောတော့9နာရီအစည်းအဝေးရှိတယ်ဆို"

"အွန်း အင့် ကိုကို"

"အွန်း" ဆိုပြီးမျက်လုံးမဖွင့်တာကြောင့် ချစ်ခြင်းကိုကို့လက်ကိုဖယ်ကာလက်မောင်းကိုဆွဲဆိတ်လိုက်သည်

"အား နာတယ်ကွ"

"ရှူးတိုးတိုးအန်ကယ်ကြားသွားမယ်"

"သားမာန်ရေ ဘာဖြစ်တာလဲ"

"ဘာဟုတ်ဘူးဒယ်ဒီသားဆင်းခဲ့မယ်နော်"

"အေအေ"

"အန်ကယ်သွားပြီထင်တယ် ချစ်ခြင်းအခန်းပြန်တော့မယ်ကိုကို ကျောင်းနောက်ကျကုန်ပြီး"

"ကိုကိုလိုက်ပို့မယ်မြန်မြန်လုပ်နော်"

"ဟုတ်"

"အာဘွား မွ" မာန် ချစ်ခြင်းပါးပြင်လေးကိုအနမ်းပေးလိုက်ကာ ရေချိုးခန်းထဲရေဝင်ချိုးလိုက်တော့သည်

နှစ်ယောက်လုံးပြင်ဆင်ပြီးအောက်ထပ်ကိုကမန်းကတမ်းဆင်းလာကြတော့ဦးမဟာမာန်က

"ဟော သမီး မနေ့ကသားမာန်ပြောနော့နေမကောင်းဘူးဆိုသက်သာသွားပြီလား"

"သက်သာပါတယ်အန်ကယ် "

"အော် မသက်သာသေးဘူးထင်လို့အန်ကယ်လည်းမနိုးတော့တာ မနက်စာစားကြဦးမလား"

"တော်ပြီး ဒယ်ဒီသားတို့ဆိုင်မှာဝင်စားလိုက်မယ်"

"အေအေ ဂရုစိုက်သွားကြဦး ကားဖြည်းဖြည်းမောင်းသားမာန်"

"ဟုတ် ဒယ်ဒီသားသွားပြီနော်"

"သွားပါဦးမယ်အန်ကယ်"

"အေအေ သွားကြ သွားကြ"

နှစ်ယောက်ယှဥ်ကာထွက်သွားတော့ဦးမဟာမာန်တွေးမိသည်ဒီနှစ်ယောက်အရင်ကလောက်ရန်မဖြစ်ကြတော့သလိုသားမာန်ကလည်းချစ်ခြင်းကိုသူပဲအကြိုအပို့လုပ်ပေးမည်တဲ့ အင်း တစ်ခုခုထူးနေတာတော့သေချာနေပါပြီး

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"ချစ်ခြင်းဗိုက်ဆာလား တစ်ခုခုဝင်စားကြမလား"

"တော်ပြီးကိုကိုချစ်ခြင်းဗိုက်မဆာဘူး ကိုကိုဗိုက်ဆာရင်ဝင်စားလေ"

ကိုကိုလူဆိုးWhere stories live. Discover now