ကိုကိုလူဆိုးep(9)

16.7K 295 8
                                    


မာန် မြူးငယ်ကိုဆေးရုံအပြေးခေါ်သွားကာ စစ်ဆေးခိုင်းလိုက်ပြီး မာန်ကိုယ်တိုင်က မြူးငယ်မာမီ့ဆီဖုန်းခေါ်ကာ အကျိုးအကြောင်းရှင်းပြပြီးဆေးရုံသို့လာခိုင်းလိုက်သည်

"ကျွီး"

"အန်တီတို့ရောက်လာပြီလား"

"အေး သားရယ် ဘယ်လိုများဖြစ်သွားတာလဲကွယ်"

"ကျွန်တော့်ကြောင့်ပါအန်တီ ကျွန်တော်တောင်းပန်ပါတယ်"

"ဟင် ဘာများဖြစ်ကြတာလဲကွယ်"

"ကျွန်တော်တို့စေ့စပ်ပွဲကိုလက်မခံပါရစေနဲ့အန်တီ"

"အော် သားမာန်ရယ် အဲ့တာမင်းမေမေနဲ့အန်တီတို့ရဲ့ငယ်ငယ်ကကတိစကားကြောင့်ပါ ပြီးတော့သမီးကလည်းသားကိုသဘောကျနေတော့သားလက်ခံပေးပါလားကွယ်"

"......."

"သားမှာသဘောကျရမဲ့သူရှိနေလို့လား ဒါမှမဟုတ် ချစ်သူတွေ...."

"မရှိပါဘူးအန်တီ သားစဥ်းစားလိုက်ပါဦးမယ် ခွင့်ပြုပါဦး"

ဒီနေ့တနေ့ရဲ့ပြဿနာကသူ့ကိုတကယ်စိတ်ပင်ပန်းစေသည်
မြူးငယ်ကနေလည်းမကောင်းသူသာဒီစေ့စပ်ပွဲကိုငြင်းလိုက်ရင် မြူးငယ်ရှော့ရပြီးတစ်ခုခုဖြစ်သွားနိုင် ငယ်ငယ်ကတည်းကမြူးငယ်ရဲ့တဇွတ်ထိုးအကျင့်ကိုသိနေတာမို့မာန်စဥ်းစားရကျပ်သွားသည်

"ဟူး"

မာန်ဆေးရုံကထွက်ပြီး ကားမောင်းထွက်သွားသည်နှင့်

ဒေါ်မူယာငယ် သမီးဖြစ်သူကိိုလှုပ်နိုးလိုက်ကာ

"ထတော့ရပြီး ညည်းအေ မာမီဖြင့်လန့်သွားတာပဲ"

"ဘာလန့်စရာလိုလို့လဲမာမီရဲ့ သမီးရဲ့အကြံကိုမာမီမသိတာလဲမဟုတ်"

"အခုတော့ငါကပါကြံရာပါဖြစ်ကုန်ပြီး သားမာန်တကယ်စိတ်ရှုပ်သွားတယ်ထင်ရယ်သမီးရယ်အဲ့လိုမလုပ်ကောင်းပါဘူးကွယ်"

"အဲ့လိုမှမလုပ်ရင်ဦးမာန်ကသမီးကိုယူမယ်မထင်ဘူးမာမီ သမီးဦးမာန်ကိုအဆုံးရှုံးမခံနိုင်ဘူး"

"ဖြစ်ရလေဟယ် ညည်းဦးလေးထည်ဝါကိုဘယ်လိုများစည်းရုံးလိုက်တာလဲ"

ကိုကိုလူဆိုးWo Geschichten leben. Entdecke jetzt