ကိုကိုလူဆိုးep(32)

13K 233 5
                                    

ကိုကိုလူဆိုးep(32)

ဒီနေ့မာန်နဲ့ချစ်ခြင်းတို့ဘုရားသွားကြသည် သားသုံးယောက်နဲ့ဒယ်ဒီရောအိမွန်နဲ့ဖြိုးဖြိုးပါလာကြတာမို့လူစုံတက်စုံရှိလှသည် သားသုံးယောက်မှာဘဲအကျီင်အဖြူပုဆိုးမိုးပြာကွက်လေးကိုဝတ်ဆင်ထားသည် သူနဲ့ချစ်ခြင်းကစုံတွဲလေးဝတ်ထားတာကြောင့် အများအမြင်မှာသိပ်ကြည်နူးဖွယ်ကောင်းလှသည်

"မိန်းမ"

"အင်း ကိုကို"

"ကိုနဲ့နှစ်ယောက်တည်တည်းဟိုဘက်ကိုပတ်သွားရအောင်လေ"

"သားနဲ့ ဒယ်ဒီကကော...."

"ထားခဲ့လိုက်ပါဗျာ နေကပူတာနဲ့ခဏနေသူတို့အရိပ်ခိုလိမ့်မယ်ချစ်ခြင်းကကိုယ့်နောက်လိုက်ခဲ့"

"အို ကိုကို"

မာန် ချစ်ခြင်းလက်ကိုဆွဲကာလူသူသိပ်မရှိတဲ့နေရာကိုသွားပြီး ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ

"ကိုပြောစရာရှိလို့"

"ကိုကိုကလဲပြောစရာရှိလမ်းလျှောက်ရင်းပြောလို့ရနေတာကို"

"အင်းပါ ခုတော့ကိုပြောတာနားထောင်ဦး"

"ဟုတ်"

သူမခေါင်းလေးကိုမာန်ဖွဖွလေးပွတ်သပ်လိုက်ကာ...

"ကိုတို့ဝေးခဲ့တာဘယ်နှနှစ်တောင်လဲ"

"3နှစ်လေကိုကိုရဲ့"

"ဘယ်သူ့ကြောင့်လဲကလေး"

"နှစ်ယောက်လုံးကြောင့်ပါ ချစ်ခြင်းသာကိုကိုရှင်းပြတာနားထောင်ပေးခဲ့ရင်...."

"ရှူး"

မာန်သူမပါးစပ်လေးကိုလေးညိုးလေးနဲ့ပိတ်လိုက်ကာ

"မြူးငယ်နဲ့ကို့ကြောင့်လို့ပြောပါကလေးရယ်"

"ကိုကိုကအဲ့ကိစ္စကိုပြောချင်လို့ဒီကိုခေါ်လာတာလား"

"ကဲဗျာ ကို့အချစ်တွေကိုသက်သေပြမို့ကိုကလေးရာ"

"........."

"သူနဲ့ကမောင်နှမသံယောဇဥ်လိုပဲကလေးရဲ့ သူ့လိမ်ဆင်တွေကိုမသိပဲကိုကိုကသူ့အပေါ်သနားမိလို့ချစ်ခြင်းအပေါ်အဲ့လိုပြုမူမိတာပါ"

ကိုကိုလူဆိုးWhere stories live. Discover now