ကိုကိုလူဆိုးep(21) (zawgyi)

5.8K 48 8
                                    


ဒီနေ့မနက်မှာတော့ချစ်ခြင်းနဲ့မာန်မြူးငယ်အိမ်ကိုသွားကြသည် မသွားခင်လဲမာန်ကသစ်သီးတွေမုန့်တွေနဲ့ဝယ်သွားလေရဲ့ မြူးငယ်အိမ်ကိုရောက်တော့ကားပေါ်တီအောက်ကားထိုးရပ်လိုက်ကာ သူကိုယ်တိုင်အထုပ်တွေဆွဲပြီးချစ်ခြင်းကိုလက်တွဲခိုင်းကာအိမ်ထဲသို့ဝင်ခဲ့ကြသည်

"ဟော သားမာန်လာပြီလား ဒါနဲ့သူလေးက"

မာန်ဘေးနားကကောင်မလေးကလှသည်ထက်ယဉ်ကာဆံပင်ရှည်လေးတွေကိုဖြန့်ချထားပြီးဖဲကြိုးကလစ်လေးနဲ့ပန်ထားတာကြောင့်ကျက်သရေရှိလှသည် ခန္ဓာကိုယ်အချိုးအစားလည်းပြောစရာမလိုအောင်ပင်လှသည်

"အော် ကြၽန္ေတာ့်ချစ်သူပါဗျ သူ႕နာမည္က ချစ်ခြင်းသဒ္ဒါပါ ချစ်ခြင်း ဒီကအန်တီကမြူးငယ်ရဲ့မေမေလေ နာမည်ကဒေါ်မူယာငယ်တဲ့"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်အန်တီ"

"အေကွယ် တွေ့ရတာဝမ်းသာပါတယ်"

မချိုမချဉ်အပြုံးလေးနှင့်ဒေါ်မူယာပြုံးကာနှုတ်ဆက်လိုက်ပြီး

"သမီးလေးဆီလာကြတာမလား သွားသွားအပေယ်ထပ်မှာဒီနေ့သမီးကဆေးချိတ်ထားရတယ်"

"ဘာဖြစ်လို့လဲအန်တီ"

"သွေးအားနည်းတယ်ပြောတာပဲသားရယ် မင်းပဲသွားပြီးပြောပေးပါဦးအာ့ကလေးမကသိပ်ခေါင်းမာတာလေ"

ချစ်ခြင်းကြားရတာတေယ့အဆင်မပြေလှပါ အဲ့ကိစ္စကိုနောင်နောင်ဆီအပ်လို့ရရဲ့သားနဲ့ဘာလို့ကိုကို့ကိုလဲ

စဥ်းစားခန်းဝင်နေတဲ့ချစ်ုခင်းကိုကြည့်ကာဒေါ်မူယာငယ်မဲ့ပြုံးပြုံးလိုက်ပြီး

"ဟုတ် အန်တီကျွန်တော်ပြောလိုက်ပါ့မယ်"

အပေါ်ကိုတက်လာကြရင်းလမ်းတဝက်ရောက်တော့ချစ်ခြင်းက

"ကိုကို "

"ပြောလေကလေး"

"ကိုကို မြူးငယ်ကိုနေ့တိုင်းလာကြည့်နေသလား"

မသိချင်ယောင်ဆောင်မေးတာဟာ ကိုကိုအမှန်အတိုင်းဖြေတာကိုချစ်ခြင်းလိုချင်လို့ပါ

"မဟုတ်ပါဘူးကလေးရဲ့ ဘာလဲခုနကဒေါ်မူယာပြောသွားတဲ့စကားကြောင့်လား"

ကိုကိုလူဆိုးWhere stories live. Discover now