ကိုကိုလူဆိုး extra final part (uni/zawgyi)

22.3K 287 13
                                    


"အွန့် ကိုကို"

"အဟွန်း နိုးပြီလား"

"သားတွေသမီးတွေရော"

"ဟိုဘက်အခန်းမှာလေကလေးရယ် ဆော့နေကြတယ်"

"အို ကလေးတွေကိုအဲ့လိုလွတ်မထားနဲ့လေကိုကိုရဲ့"

"အကိုတွေရှိပါတယ် ကလေးရဲ့ပူမနေနဲ့"

ကလေးတွေက မနက်5နာရီကတည်းကနိုးနေပြီးမနက်စာစားပြီးလို့ဆော့တောင်နေကြပြီဖြစ်သည် ဒီနေ့စနေနေ့မို့သားတွေကျောင်းပိတ်တာနဲ့သူ့ညီမလေးနဲ့မနက်စောစောထဆော့ကြတာဖြစ်သည်

ညက ညနက်မှအိပ်ရတာကြောင့်ခုမှနိုးလာသောသူ့မိန်းမလေးကမနက်ခင်းရဲ့အလှနတ်ဘုရားလေးပင် ချစ်ရသည်မြတ်နိုးရသည် ဒီမိန်းမနဲ့ပဲသေတပန်သက်တဆုံးပေါင်းဖက်ပါရစေ

"ကိုကို ကိုကိုလို့"

"အင်း ဟင်"

"ငေးလှချည်လားကိုကိုရဲ့"

"ဘာမှမဟုတ်ပါဘူးကွာ ကဲကဲ ထ မျက်နှာသစ်တော့ ဒီမနက်ကလေးအကြိုက်ရှမ်းခေါက်ဆွဲဝယ်ထားပေးတယ်"

"ဟီး ချစ်တယ်ယောကျ်ား"

"ဟား ယောကျ်ားကပိုချစ်တယ်မိန်းမရဲ့"

"ပိုလွန်းတာ ဟွန်း"

ချစ်ခြင်းကိုကို့ကိုမျက်စောင်းလေးထိုးကာရေချိုးခန်းထဲဝင်ရေချိုးမျက်နှာသစ်ပြီး သဘက်လေးရင်ရှားကာထွက်လာတော့ ကိုကိုကနေရာကမရွေ့ထိုင်နေတဲ့ကုတင်ပေါ်မှာပင်

"ကလေးတွေကိုမခေါ်တော့ဘူးလားကိုကိုရဲ့"

"အောက်မှာသူ့အဖိုးတွေနဲ့ဆော့နေပြီးကလေးရဲ့ ဒီနေ့ဖေဖေက သူ့မြေးတွေကိုဟိုက်ခြံထဲသွားထိန်းမယ်ဆိုပဲ"

မာန်တို့ခြံကကျယ်ဝန်းတာကြောင့် အိမ်ကြီးရဲ့အနောက်ဘက်မှာတစ်ထပ်အိမ်အဖြူလေးကိုလှပစွာဆောက်ထားသည် ခြံထဲကအပင်တွေကစိမ်းစိုတာကြောင့်နေရောင်ပင်သိပ်မတိုးအေးစိမ့်စိမ့်ရှိလှသည် ဖေဖေကအဲ့မှာပြောင်းနေတာကြောင့်ဒီအိမ်ကြီးမှာအစေခံတွေနဲ့သူတို့မိသားစုသာရှိသည် ဖေဖေကတော့ပြောပါတယ် ငယ်တုန်းရွယ်တုန်းလွတ်လွတ်လပ်လပ်နေပါတဲ့

You've reached the end of published parts.

⏰ Last updated: Aug 24, 2022 ⏰

Add this story to your Library to get notified about new parts!

ကိုကိုလူဆိုးWhere stories live. Discover now