ကိုကိုလူဆိုးep(27)

14.8K 269 11
                                    


မာန်ချစ်ခြင်းတို့ရှိတဲ့နေရာလေးကိုရောက်ချလာတာကြောင့် ချစ်ခြင်းမှာတအံ့တသြ...

"မေ့ လူချိုးကြီးလာရယ် မောင်းမောင်းထုတ်ယေ"

မာန်ကားပေါ်ကဆင်းတာတွေ့တော့သားငယ်လေးကသူ့မေမေလက်ကိုဆွဲကာမောင်းထုတ်ဖို့ပြောနေတော့သည်

"ဟာ ဝက်ပေါက်ငါမင်းဖေဖေနော်"

"ဟင် ရှင် ဦးနေသွေးမာန်ရှင်ဘာစကားပြောတာလဲ"

"ကို့သားမို့လို့သူ့အဖေဖြစ်ကြောင်းပြောပြတာလေမှားလို့လား"

"အိုဘာဖြစ်ဖြစ်သုံးနှစ်အတွင်းမှာဒီကလေးတွေကိုကျွန်မတယောက်ထဲစောင့်ရှက်လာတာ အဖေဆိုတာလဲမလိုအပ်ဘူး"

"ဟာ အဲ့လိုမရဘူးလေကွာ အဲ့တုန်းကကိုယ်မှားခဲ့ပါတယ်ကွာနော် ပြင်ဆင်ခွင့်လေးပေးပါ ကိုယ်တောင်းပန်ပါတယ်"

မာန် သူမရှေ့ဒူးထောက်ချလိုက်ကာတောင်းပန်တာကြောင့်

"ရှင် သားတွေရှေ့မှာအဲ့လိုမလုပ်ပါနဲ့ မသိရင်ကျွန်မကယုတ်မာခဲ့သလိုဖြစ်နေပြီးရှင်သိလား အဟင့်"

သုံးနှစ်တာလုံးသူ့အကူအညီမပါပဲမွေးခဲ့စောင့်ရှောက်ပေးခဲ့ရတဲ့ကလေးတွေရှေ့မှာသူကဖအေပီသချင်သေးသည်တဲ့ ခုတောင်ကလေးတွေရှေ့ဒူးထောက်ပြီးသူမကိုတောင်းပန်ပြတာကလေးတွေကသူမကိုလူဆိုးမကြီးလို့ထင်သွားရင်ဘယ်လိုလုပ်မလဲ

"ဟာ မိန်းမဘာလို့ငိုတာလဲကိုယ်တောင်းပန်ပါတယ်မငိုပါနဲ့ဗျာ"

မာန် ဒူးထောက်နေရာမှထကာသူမဆီသွားပြီးချော့မြူမည်အပြု

"ဟင့် ရှင်မလာနဲ့ကျွန်မအသားကိုလဲမထိနဲ့ ရှင်လည်းလက်ထပ်ပြီးသားလူဘဲမဟုတ်လားဘာလို့ကျွန်မဆီလာနေသေးလဲ ရှင့်မိသားစုဆီရှင်ပြန်သွား"

ချစ်ခြင်းဟိုးအရင်နှစ်တွေတုန်းကမြိုသိပ်ထားရသမျှစကားတွေအလုမှထုတ်ဖော်ပြောခွင့်ဂသည်မို့ရှက်လည်းမရှက်နိုင်တော့ပါ

"ဥဥလူချိုးက မီးမရှိသယ်လားမေ့"

"ဟင် ဟုယားမေ့ယေ"

"ဟုယားယို့မေ့ တိုတိုတွေမေးနာလေ့"

သားသုံးယောက်မှာတယောက်တလှည့်စီသူမကိုမေးခါတာကြောင့်ဖြေရခက်သွားသည် သားတွေကသူ့အပေါ်ထိုသို့အပြစ်မြင်တာမျိုးလဲချစ်ခြင်းမလုပ်ချင်ပါ

ကိုကိုလူဆိုးWhere stories live. Discover now