ကိုိုကိုလူဆိုးep(5)

21.9K 362 14
                                    

ကိုိုကိုလူဆိုးep(5)💞💞(Uni)

ဒီနေ့ကချစ်ခြင်းကျောင်းစတက်ရမည့်နေ့ဖြစ်သည် ထို့ကြောင့်စောစောထကာပြင်ရင်းဆင်ရင်းအပြင်ကိုထွက်လာတော့ကိုကိုနဲ့တန်းတိုးသည် မမြင်ချင်လို့တမင်စောစောထခါမှသူနဲ့တိုးရတယ်လို့ ဟူး မလွယ်ပါလား သို့ပေမယ့် သူ့ကိုဂရုမစိုက်ပဲ ချစ်ခြင်းအခန်းထဲမှထွက်ခွာမည်အပြု

"ခဏနေဦး" သူ့လက်ကိုလမ်းဆွဲလိုက်တဲ့ကိုကို့ကြောင့်

"လွှတ်"

"ဘယ်လိုဖြစ်နေတာလဲ" အထိမခံလောက်အောင်ပင်အတင်းပင်ငြင်းဆန်နေတာကြောင့်မာန်ဒေါသလေးနဲ့မေးလိုက်ရင်း

"ဘာမှမဖြစ်ဘူး ပြောစရာရှိတာမြန်မြန်ပြောပါ"

"ဟ ငါကမင်းသခင်ကွ ငါ့ကိုအတွန့်တက်ပြမနေနဲ့"

"ချစ်ခြင်းအလုပ်ရှိတယ် မနက်စာစားပြီးကျောင်းသွားရဦးမှာ"

"ခုမှ6နာရီခွဲပဲရှိသေးတာလေ မင်းကဘယ်လင်ငယ်နဲ့သွားတွေ့မလို့လည်း"

"စကား​ပြောဆင်ခြင်ပါသခင်လေး ချစ်ခြင်းရဲ့သိက္ခာတရားကိုလာမထိပါးပါနဲ့"

"နာတယ်လား အမှန်ပြောတော့နာတယ်ပေါ့"

"ရန်မဖြစ်ချင်ဘူးပြောစရာမရှိရင်လဲခွင့်ပြုပါဦး"

စာအုပ်လေးကိုပိုက်ကာထွက်သွားတဲ့ကျောပြင်လေးကိုငေးရင်းကျန်ခဲ့ရသည်ကမာန်သာ အရင်တစ်ခါကိစ္စကြောင့်သူ့အပေါ်စိတ်ဆိုးသင့်တာမှန်ပေမယ့် မာန်ကိုယ်တိုင်ကလဲမချော့ပဲပစ်ထားမိတာကြောင့်သူ့အမှားတွေချည်းသား

နီနီရဲရဲပါးပြင်လေးကိုကြည့်ပြီး သူလည်းဂရုစိုက်ချင်တာပေါ့ဒါပေမယ့်သူ့အစေခံကိုသူပြန်ပြီးဂရုစိုက်ရမှာ ပြီးတော့မြူးငယ်လေးလည်းရှိနေတော့ချစ်ခြင်းကိုဂရုစိုက်ပေးဖို့သူမာနကလက်မခံပေ နှစ်ယောက်တည်းရှိတုန်းချော့ဦးမှလို့တော့သူစိတ်ကိုသူသတိပြန်ပေးလိုက်မိသည် ရန်တကျက်ကျက်ဖြစ်နေရပေမယ့် သူ့ကိုငြင်းဆန်တာထိတော့သူလည်းမနေနိုင်ပါ ချစ်လားဆိုတော့မဟုတ်ဘူးလို့ဘဲသူ့စိတ်ကိုသူအခါခါလိမ်ညာရင်း....။

ကိုကိုလူဆိုးWhere stories live. Discover now