ကိုကိုလူဆိုးep(26)

14.9K 260 7
                                    


3နှစ်ခန့်အကြာ....

"သားတို့ရယ် လျှောက်မပြေးရဘူးလေ မေမေမင်းတို့ကိုဘယ်လိုထိန်းရမှာလဲလို့"

ွချစ်ခြင်းတို့သားအမိလေးယောက်ဒီနေ့မှမြို့ကိုလာကာစျေးဝယ်စင်တာတွင်စျေးဝယ်နေခြင်းဖြစ်သည် သားတို့အတွက်လိုအပ်သည်များကိုဝယ်ခြမ်းနေတာကြောင့်သားသုံးယောက်နှင့်လည်နေရသည် အဖိုးအဖွားနဲ့ထားခဲ့မယ်ဆိုတာမေမေ့နောက်ပဲလိုက်ချင်တာဟုပြောသေးသည် ဒေါ်လေးတို့လင်မယားကလယ်ယာအတွက်လိုအပ်သည်များကိုဝယ်ယူရမည်ဖြစ်တာကြောင့်လမ်းမတူတာမို့တယောက်တနေရာစီသွားရသည်

ကလေးသုံးယောက်ကိုမွေးခဲ့ရတာတော့ချစ်ခြင်းအတွက်တော်တော်ခက်ခဲပါသည် ကျန်းကျန်းမာမာဂရုတစိုက်နဲ့နေတာကြောင့်သားတွေကဖွံဖြိုးသည် ဖြူဖြူတုတ်တုတ်ပါးဖောင်းဖောင်းလေးနှုတ်ခမ်းသေးသေးပါးပါးလေးကစကားတန်လွန်းသေးသည် ချစ်ခြင်းကသုံးမွှာပူးလေးလို့အထရာဆောင်းရိုက်ပြီးသိရကတည်းက ရင်တုန်ပန်းတုန်နှင့်ဝမ်းနည်းရမလိုဝမ်းသာရမလိုပင် ဘုရားပေးတဲ့ဆုလာဒ်လေးမို့ချစ်ခြင်းကလေးတွေကိုဝမ်းပန်းတသာနှင့်ကြိုဆိုကာ သားဦးနေနိုင် |လင်းလတ်ခြင်း|နေမင်းမာန်ဆိုတဲ့သားသုံးယောက်ကိုအောင်မြင်စွာမွေးထုတ်နိုင်ခဲ့ပါသည်

ချစ်ခြင်းသားငယ် နေမင်းမာန်ကိုချီကာကျန်နှစ်ယောက်ကိုတော့သူမရဲ့အကျီစလေးကိုဆွဲကိုင်ခိုင်းထားလိုက်သည် ချစ်ခြင်းသားကြိုက်တတ်တဲ့သစ်သီးလေးတွေကိုရွေးနေရသည် discountချတာကြောင့်မကောင်းတဲ့အသီးတွေလဲပါတာမို့လိုသလောက်ကိုအချိန်ပေးကာရွေးရသည်မို့ သားနှစ်ယောက်ဘက်လှည့်မအား သစ်သီးရွေးဝယ်ပြီးငွေရှင်းကာသားတို့ကိုခေါ်ကာမှသားတွေမရှိတော့တာကြောင့်

"အို ဒုက္ခပါပဲဒီကလေးတွေ မေမေ့ကိုမလွှတ်ပါနဲ့ဆိုတာကိုစကားနားမထောင်ဘူး သားငယ်ကိုကိုတွေကသိပ်ဆိုးတယ်ကွယ်"

သားငယ်လေးကိုတဖက်မှချီကာသားနှစ်ယောက်ကိုစျေးဝယ်စင်တာတွေထဲရှာပုံတော်ထွက်ခဲ့ရသည်မှာ မေမေချစ်ခြင်းပင်ဖြစ်သည်။

မာန် ဒီနေ့မှသူ့ကုန်တိုက်မှာဆိုင်ခန်းတချို့ပြဿနာရှိနေတာကြောင့်လာစစ်ဆေးရင်း ကားပေါ်ကာဆင်းကာ ဝင်ပေါက်သို့ဦးတည်လိုက်သည်ဆိုရင်ပဲ...

ကိုကိုလူဆိုးWo Geschichten leben. Entdecke jetzt