ကိုကိုလူဆိုးep(15)

12.7K 232 0
                                    

ကိုကိုလူဆိုးep(14)(uni)

"ကလေး ဗိုက်ဆာလားဟင်"

ဒီနေ့အတွက်တော့မာန်တို့ကယော်ယော်ဂိပန်းခြံကိုသွားမှာဖြစ်သည်ဒီနေ့လဲသူမနဲ့တင်တူသောဝတ်စုံကိုသာဝတ်ဖြစ်သည် အထဲအကြီငျ် အမည်းလေးကိုမှအပြင်ခံအစိမ်းရင့်လေးနဲ့ဆင်တူဖြစ်သည် အစကတော့မြူးငယ်ကိုလိုက်ပို့တာဖြစ်ပေမယ့်ခုတော့နှစ်ယောက်တည်းတူတူလည်ချင်တာကြောင့် မြူးငယ်နဲ့ရဲနောင်အတွက်ဒေသခံတစ်ဦးကိုငှားပေးလိုက်ကာ သူတို့လည်း လည်ပတ်ချင်တဲ့စီသွား ကိုယ်တွေလဲလွတ်လပ်တာပေါ့ဆိုတဲ့အတွေးနဲ့...

"ဟုတ် ဗိုက်ဆာတယ်"

"လာ ကိုကိုတို့ဒီအရှေ့ကစားသောက်မှာဝင်စားကြမယ်"

မာန် ယော်ယော်ဂိပန်းခြံနားမရောက်ခင်လှမ်းတွေ့နေရသောစားသောက်ဆိုင်ထဲချစ်ခြင်းလက်ကိုဆွဲကာဝင်လိုက်ပြီး ခုံတခုံမှာဝင်ထိုင်လိုက်သည် menu ကိုချစ်ခြင်းဘက်လှမ်းပေးကာ ကြိုက်တာမှာဖို့ပေးပေမယ့်ချစ်ခြင်းကဘာမှာရလဲမသိတာကြောင့် မာန်ဘဲဒီဒေသရဲ့အကောင်းဆုံးသောအစားအစာတွေကိုချပေးဖို့ပြောပြီး waiterကောင်လေးလှည့်အထွက်

"amm wait, for dessert,serve a cup of ice -cream and a strawberry cake"
(အချိုပွဲအတွက် ရေခဲမုန့်တစ်ခွက်နဲ့စတော်ဘယ်ရီကိတ်လေးချပေးပါ"

"Yes sir..wait a few minute"

waiterကောင်လေးထွက်သည်နှင့်ချစ်ခြင်းမျက်နှာလေးကိုငေးကာ မြန်မာပြည်ပြန်ရင်မြူးငယ်နဲ့အန်တီကိုပွင့်ပွင့်လင်းလင်းပြောပြပြီးစေ့စပ်ပွဲကိုလက်မခံကြောင်း ချစ်ခြင်းကသာသူ့အတွက်ဘဝလက်တွဲဖော်ဖြစ်တာကိုအားလုံးသိအောင်ချပြချင်တယ် သူ့ရင်ထဲကအချစ်တွေဟာလဲသူမအတွက်သေချာနေပြီဖြစ်နေတာကြောင့်ဖွင့်ပြောပြပြီးသူမလေးနှင့်စေ့စပ်ထားမည် ကျောင်းပြီးမှလက်ထပ်ဖို့ဒါမှမဟုတ်သူမလက်ခံလာတဲ့အခါ လက်ထပ်ပါမည်

မာန်အတွေးများဖြင့်ကြည်နူးစိတ်ကြောင့်ပြုံးနေသည်ကိုချစ်ခြင်းမြင်တော့

"ကိုကို ကိုကိုလို့"

"အမ် ဟင် အင်ဘာလဲဟင်ကလေး"

"ဘာတွေပြုံးနေတာလဲ"

"အဟင်း လျှို့ဝှက်ချက်ပေါ့ကလေး"

ကိုကိုလူဆိုးWhere stories live. Discover now