ကိုကိုလူဆိုးep(24)

13.2K 260 8
                                    

ကိုကိုလူဆိုးep(23)(uni)

တကယ်က မြူးငယ်ထိုသို့လုပ်ရခြင်းမှာ ချစ်ခြင်းပြန်လာမည်စိုး၍ဖြစ်သည် မနေ့ကပင် သူလူလွတ်ပြီးစုံစမ်းခိုင်းလိုက်သည့်သူတယောက်ကချစ်ခြင်းရှိနေတဲ့နေရာကိုပြောပြတာကြောင့်ဒီနေ့သွားတွေ့မည်ဖြစ်သည် အစကအပြတ်ရှင်းဖို့လုပ်ထားပေမယ့်ရှင်သန်ရင်းပူလောင်စေချင်တာကြောင့်မြူးငယ်စိတ်ပြောင်းသွားခြင်းပင်

ရွာလေးထဲမြူးငယ်တို့ကားထဲဝင်လာတော့ရွာထဲကလူတွေကိုဦးတင်ထွန်းနဲ့ဒေါ်သီတာအိမ်ကိုမေးကာလာခဲ့သည်

ချစ်ခြင်းကိုယ်ဝန်ဟာ6လထဲဝင်နေပြီဖြစ်နေတာကြောင့်ဖုဖုဖောင်းဖောင်းလေးဖြစ်နေလေပြီး အိမ်ရှေ့မှအဝတ်တွေယူကာအိမ်အောက်ကွပ်ပြစ်ပေါ်ခေါက်နေလိုက်သည် နှစ်ထပ်အိမ်လေးမှာပင်အိမ်ပေါ်ကသစ်သားနဲ့ဖြစ်ကာအိမ်အောက်ကဘိလပ်မြေခင်းထားသည်မို့အိမ်ရှေ့အပင်ကြီးအောက်၌နေ့လည်နေ့ခင်းနားဖို့ကွပ်ပြစ်တစ်ခုထားထားသည်

"သမီးရယ် နေကပူကပူနဲ့ အေးဆေးနေပါကွဲ့"

"မဟုတ်တာဒေါ်လေးကလဲ အကြီငျ် ခေါက်တာလောက်ကတော့ဘာမှမဖြစ်ဘူးး"

"ကိုယ်ဝန်ကလရင့်လာပြီလေဂရုစိုက်ရမယ်"

"ဟုတ်ကဲ့"

"ဒါနဲ့သမီး သတိထားမိလား သမီးကိုယ်ဝန်က6လပဲရှိသေးတာ ကလေးကထွားလို့လားဒါမှမဟုတ်အမွှာလေးလားမသိဘူးသမီး တအားကြီးနေသလိုပဲ"

"ဟင်းဟင်း ဒေါ်လေးကလဲအမွှာမဟုတ်လောက်ပါဘူးကလေးကထွားတာနေမှာပါ"

"မဖြစ်ပါဘူး နောက်နေ့မှာအက်ထရာဆောင်းသွားရိုက်ကြည့်ရမယ်"

"ခရီးကဝေးလည်းဝေး အဖိုးအခတွေအကုန်အကျများပါတယ်ဒေါ်လေးရဲ့မလိုပါဘူး"

"ကဲပါ ကြိုသိထားတော့ပြင်ဆင်ထားလို့ရတာပေါ့သမီးရယ်ဒေါ်လေးကြည့်ရတာအမွှာလေးဖြစ်မယ်ထင်တယ်"

"ဟုတ်ပါပြီး ဒေါ်လေးရဲ့"

"ဗျို့ ဒေါ်သီတာ ဦးတင်ထွန်းရေ"

ချစ်ခြင်းတို့စကားပြောနေတုန်းအိမ်ရှေ့မှဒေါ်လေးတို့ကိုခေါ်နေတာကြောင့်

ကိုကိုလူဆိုးWhere stories live. Discover now