ကိုကိုလူဆိုးep(22)

13.8K 309 19
                                    


ချစ်ခြင်းစျေးကထွက်လာပြီးကတည်းကဘယ်သွားရမလဲလမ်းပျောက်နေမိသည် ဗိုက်ထဲအစာကမရှိတော့လမ်းလျှောက်ဖို့အားပင်မနည်းယူရသည်

"တောင်းပန်ပါတယ်ကလေးရယ်မေမေတာဝန်မကျေခဲ့လို့ အဟင့်"

ညကလဲမှောင်နေပြီးဖြစ်တာကြောင့်ဘယ်ဆီအိပ်လို့ဘယ်မှာနေရမယ်လဲမသိ ထို့နောက်ချစ်ခြင်းမျက်လုံးတွေမှေးစင်းလာကာ မူးမေ့သွားရတော့သည်။

ဒီနေ့မှဦးတင်ထွန်းတို့လင်မယားလည်းလယ်အတွက်မြို့ပေါ်တက်ကာထွန်စက်ဝယ်အပြီးလမ်းမှာအပြန်လမ်းဘေးတနေရာမှာမေ့လဲနေသောကောင်မလေးတယောက်ကြောင့်ကပြာကယာကားပေါ်ကဆင်းတော့

"ယောကျ်ားရယ် မတော်အလောင်းတွေဘာတွေဖြစ်နေရင်ကျုပ်တိူ့အမှုပတ်နေပါဦးမယ်"

"အော် သီတာရယ်ဒီမှာလူပြတ်နေတာလေဟိုကလေးကအသက်ရှင်နေသေးရင်ရောကွာပစ်ထားလို့မကောင်းပါဘူး"

"ကျုပ်ကစိတ်ပူလို့ပါတော်"

"စိတ်အေးအေးထားပါမိန်းမရာ"

ဦးတင်ထွန်းတို့လင်မယားချစ်ခြင်းအနားကိုတိုးကပ်ပြီးလက်သွေးကြောမှသွေးခုန်နှုန်းကိုစမ်းသပ်ကြည့်တော့

"ဟင် သီတာ"

"ဘာ ဘာလဲယောကျ်ား ကလေးမအသက် အသက်ရောရှိသေးရဲ့လား"

"အသက်ရှိပါတယ်ကွ နောက်ပြီးသူမကကိုယ်ဝန်ရှိနေတာ"

"ရှင်"

အသက်ရှင်သေးသည်ဆိုတာကြောင့်လင်မယားနှစ်ယောက်ချစ်ခြင်းကိုပွေ့ကာကားပေါ်တင်ပြီးရွာသို့သာခေါ်လာခဲ့သည်။

ဦးတင်ထွန်းဟာအသက်54နှစ်ရှိပြီး ဒေါ်သီတာကတော့49နှစ်ရှိနေပြီးဖြစ်သည် ချမ်းသာသည်ဆင်းရဲသည်မဟုတ်ဘဲ လယ်ကွက်တွေပိုင်ထားတာလဲဖြစ်ကာသားသမီးမထွန်းကားတာကြောင့်လယ်ငှားတွေကိုငှားပြီးလုပ်ကိုင်ရသည် စပါးအထွက်တိုးတဲ့နှစ်တွေဆိုဦးတင်ထွန်းတို့ရတဲ့ငွေလေးစုရင်း ထွန်းက်တစ်လုံးဝယ်လိုက်မှအဆင်ပြေမယ် လယ်ငှားဖို့အဆင်မပြေတဲ့အခါကျကိ်တိုင်ထွန်စက်နဲ့ထွန်လည်းမဆိုးပါဘူးပေါ့

ကိုကိုလူဆိုးWhere stories live. Discover now