ကိုကိုလူဆိုးep(19)🔞

30.1K 261 3
                                    


"ကိုကို"

သူမပါးစပ်အဟောင်းသားနှင့်ကိုကိုတို့ကိုငေးနေမိသည်
အမြဲအလုပ်များနေတတ်တဲ့သူူကဒီကိုမြူးငယ်လေးနှင့်လာသည်တဲ့
ဘယ်လိုစိတ်နဲ့များသူချစ်တာကိုယုံရမှာလဲ
ဟိုကောင်မလေးကသူ့ကိုသဘောကျနေတာမဟုတ်လား

ကြည့်နေရင်းကိုကိုတို့ထသွားတာကြောင့်လိုက်ကြည့်တော့ကားတံခါးဖွင့်ပေးကာဝင်ထိုင်လိုက်ပြီးကိုကိုကမောင်းသူနေရာဝင်ထိုင်ကာထွက်သွားတော့သည်

ကျန်နေခဲ့သည်ချစ်ခြင်းမှာသာစိတ်မပျော်တော့အားငယ်သလိုဖြစ်ကာဝမ်းနည်းလာတာကြောင့်မွေးနေ့ပွဲမလာဖြစ်တော့ကြောင်းသူငယ်ချင်းတွေကိုဖုန်းဆက်ပြောလိုက်ပြီးအိမ်သို့သာပြန်လာခဲ့တော့သည်။

အိမ်ရောက်တော့...

"သမီး"

"ရှင် အန်ကယ်"

"မွေးနေ့ပွဲသွားတယ်တိုပြန်လာတာစောလှချည်လား"

"ဟုတ် ချစ်ခြင်းနေသိပ်မကောင်းလို့ပါပြန်လာတာပါအန်ကယ် ဟီး"

"ဆေးခန်းသွားပြမလားအရမ်းနေမကောင်းဖြစ်နေရင်"

"ရပါတယ်အန်ကယ် ချစ်ခြင်းအိပ်ရေးပျက်တာများလို့ခေါင်းကိုက်တာပါတရေးလောက်အိပ်လိုက်ရင်ကောင်းသွားမှာပါ"

"အာ့ဆိုခဏနေရင်အိမွန်ကိုဆန်ပြုတ်တက်ပိုခိုင်းပြီးဆေးပါသွားဝယ်ခိုင်းလိုက်မယ်သမီးအပေါ်တက်ပြီးနားတော့နော်"

"ဟုတ်ကဲ့ ကျေးဇူးပါအန်ကယ်"

ချစ်ခြင်းစိတ်မပျော်တာကြောင့်စားချင်သောက်ချင်စိတ်မရှိပေမဲ့လည်းကလေးလေးကြောင့်စားရပါဦးမည်

"အမေ့ကလေးရယ် မင်းလာတာနေရာမှားနေပြီးထင်တယ်ဘာဘဲဖြစ်ဖြစ်မေမေကတော့ကလေးကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးမှာပါ"

ဗိုက်ကလေးကိုပွတ်သပ်ကာတွေးနေတုန်းအိမ်ရှေ့ကဟွန်းသံကြောင့်ချစ်ခြင်းထကာကြည့်မိတော့ကိုကို့ကားပင်

"တီး တီး"

"ဟင်း ကိုကိုဟိုကကောင်မလေးကိုအိမ်ပြန်ပို့ပြီးပြန်လာတာထင်ရဲ့"

ကိုကိုလူဆိုးWhere stories live. Discover now