ကိုကိုလူဆိုးep(29)

25.4K 244 6
                                    


"မိန်းမ"

"အို ရှင်ဘယ်လိုဖြစ်နေတာလဲ"

ဒီမနက်အိမ်မှာဒေါ်လေးတို့ရှိတာကြောင့်ချစ်ခြင်းဝယ်ခြမ်းစရာလေးရှိလို့ကလေးတွေကိုထားခဲ့ပြီးထွက်လာခဲ့သည်ကိုသူကဘယ်အချိန်ထဲကနောက်ကလိုက်လာမှန်းမသိ

"ယောကျ်ားကိုခေါ်မှပေါ့မိန်းမရဲ့ ဘယ်လိုလုပ်တယောက်တည်းသွားနေတာလဲ"

"ကျွန်မအခုမှလွတ်လွတ်လပ်လပ်အပြင်ထွက်ရတာရှင့်"

"ဘာ မင်းကငါ့ကလေးတွေကိုရှုတယ်လို့ဆိုလိုချင်တာလားမင်းတယောက်တည်းသွားပြီးအပျိုလုပ်ချင်တယ်ပေါ့"

"ဟုတ်တယ် ရှင်ထင်သလိုပဲ အရင်လိုပဲရင့်သီးတဲ့စကညးတွေပြောပြီးထင်ချင်တာဘဲထင်နေလိုက်"

"ဟာကွာ မိန်းမကလဲ"

ကိုယ့်စကားမှားသွားမှန်း မာန်သိတာကြောင့်သူမနောက်အပြေးလိုက်ကာချော့ရတော့သည်

ချစ်ခြင်းဆိုလိုချင်တာကအရင်က သားတွေကိုခေါ်ခေါ်သွားရတော့ပစ္စည်းကတဖက်ကလေးကတို့လို့တွဲလောင်းနဲ့မိ့ုပြောတာကို သားဆတွကိုအရှုပ်ထုပ်လို့ထင်စရာလာ ရှင်ဟာလေ
ချစ်ခြင်းတွေးရင်းဝမ်းနည်းလာတာကြောင့်ခြေလှမ်းကိုခပ်သွက်သွက်လျှောက်နေမိသည်

စျေးထဲရောက်တော့ဝယ်စရာရှိတာဝယ်ပြီး သားတွေအတွက်လိုအပ်တာတွေရောတခါတည်းဝယ်ခဲ့ရတာမို့ပစ္စည်းကမနိုင်ချင်တော့

"ကဲပါ ကိုသယ်ပေးပါ့မယ်မိန်းမရဲ့"

"ရှင့်အကူအညီမလိုဘူးဖယ်"

"စိတ်မကောက်ပါနဲ့ကိုယ်မှားပါတယ် နောက်ဆိုတဇွတ်ထိုးမဆန်တော့ဘူးနော် ယောကျ်ားကတိပါမိန်းမရယ်"

"ရှင် တော်ပါ"

"ကိုချော့နေတယ်လေကွာ"

"မလိုဘူး"

ချစ်ခြင်းစျေးထဲကအတွက်မနိုင်မနင်းဖြစ်နေတာမို့ရှေ့ကလူကိုတိုက်မိသွားရသည်

"အင့် အို"

"ဟ"

"တောင်းပန်ပါတယ်ရှင် ကျွန်မ မမြင်လိုက်လို့ပါ"

"ရပါတယ် မမ"

"ရှင်"

ရှေ့ကကောင်လေးကအခုမှ18 19ပင်ရှိလိမ့်ဦးမည် သူမကိုမသိပါပဲ မမလို့ခေါ်နေတာကြောင့်နောက်ကတယောက်ကြားရင်တမျိုးထင်ဦးမည်

ကိုကိုလူဆိုးWhere stories live. Discover now