ကိုကိုလူဆိုးep(25)

14.3K 250 7
                                    

ိကိုကိုလူဆိုးep(25)(uni)

မာန် အကြောင်းအရာအားလုံးကိုဖော်ထုတ်ဖို့အချိန်ဆွဲကာအစီအစဥ်တွေလွဲမှားမှာစိုးလို့သေချာလုပ်ဆောင်ရတာကြောင့်ပင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှာဖြစ်တာကြောင့်မြူးငယ်တစ်ခုလုဖြစ်လျှင်လည်းသူနောင်တရမည်မဟုတ်ပါ။

ဒီနေ့ဟာမာန်နဲ့မြူးငယ်တို့မဂ်လာနေ့ရက်ဖြစ်သည် မြူးငယ်ကတော့ပြုံးပျော်ကာကြည်နူးလို့ပင်မဆုံး။ နောက်ဆုံးဦးမာန်သူမနဲ့လက်ထပ်မှာကိုမငြင်းဆိုတော့ပဲလက်ခံကြည်ဖြူလာတာကြောင့်ဦးမာန်သူမအပေါ်စိတ်ခံစားချက်ရှိနေလောက်ပြီဟုထင်ကာပျော်နေမိသည်။

မဂ်လာချိန်လည်းနီးနေပြီးဖြစ်တာကြောင့်ပြင်ဆင်ခြယ်သကာအခန်းထဲ၌ဦးမာန်လာခေါ်မည်ကိုအသင့်စောင့်နေလိုက်သည်

"ဒေါက် ဒေါက်"

"ဦးမာန်လား ဝင်ခဲ့ပါ"

"ကျွီး ဒယ်ဒီပါသမီးလေး"

"ဒယ်ဒီ"

"အင်း နောကျကနြမေယျမွနျမွနျလာ"

"ဟုတ် ဒယ်ဒီ"

မြူးငယ်ဒယ်ဒီ့လက်ကိုတွဲကာအခန်းထဲမှထွက်လာခဲ့သည်။

ဒီနေ့ဟာသမီးလေးရဲ့လက်ထပ်ပွဲဖြစ်တာကြောင့်ဦးသက်နိုင်သမီးလေးတို့ရှိရာရောက်လာခဲ့ခြင်းဖြစ်သည် သတို့သားကလည်းမာန်ကိုယ်တိုင်ပင်ဖြစ်တာကြောင့်ဦးသက်နိုင်မကန့်ကွက်တော။ အကြောင်းအရာအလုံးစုံကိုဦးသက်နိုင်မသိသေးတာလဲဖြစ်မည်။

မြူးငယ်ဒယ်ဒီနဲ့အတူအောက်ဆင်းလာကာ နာမည်ကြီးဟိုတယ်လဲဖြစ်သလို ဦးမာန်သူငယ်ချင်းပိုင်တဲ့ဟိုတယ်လည်းဖြစ်တာကြောင့်ဧည့်သည်အများအပြားရောက်ရှိနေကြသည် ဦးမာန်ဘက်ကဆွေးမျိုးမိတ်ဆွေတွေနဲ့မြူးငယ်ဘက်ကဆွေမျိုးမိတ်ဆွေတွေကိုလည်းဖိတ်ထားသည်မို့ လူစုံနေပြီးဖြစ်ပေမယ့်ဦးမာန်ရဲ့အရိပ်အယောင်ကိုပင်မတွေ့ရသေးတာကြောင့်မြူးငယ်လက်တွေအေးစက်လာသည်။

မဂ်လာပွဲကမနက်၈နာရီဖြစ်တာကြောင့်၈နာရီထိုးရန်၅မိနစ်သာကျန်တော့သည် ထို့နေက်တွင်တော့စင်ပေါ်ကပြသလာသောပုံရိပ်နှင့်အသံတချို့ကိုကြားရပြီးနောက်....

ကိုကိုလူဆိုးWhere stories live. Discover now