ကိုကိုလူဆိုးep(16)🔞

30.6K 261 2
                                    


ဂျပန်ကိုရောက်တုန်းရောက်ခိုက်မို့ တချို့နာမည်ကြီးနေရာတွေကိုလိုက်ပို့ပေးချင်သော်လည်းမာန်မှာမအားလပ်တာရယ် ချစ်ခြင်းကျောင်းကိုခွင့်တိုင်ရက်များနေပြီဖြစ်တာကြောင့်သူ့မဟေသီစာမလိုက်နိုင်မှာကိုစိုးတာကြောင့်ဒီနေ့ညတော့ကျိုတိုမျှော်စင် ဝီကီပီးယားကိုလေးယောက်လုံးသွားကြမှာဖြစ်သည်

တမနက်လုံးလည်လိုက်ပတ်လိုက်စားလိုက်သောက်လိုက်နှင့်မာန်တို့လေးယောက်ညဘက်တွင်တော့မျှော်စင်ကိုသွားဖို့လာခဲ့ကြကာချစ်ခြင်းနဲ့မာန်ကအပေါ်ထိသို့တက်လာခဲ့ပြီးမြူးငယ်နဲ့ရဲမာန်တို့ကတော့မျှော်စင်အောက်ထပ်ရဲ့ကြယ်သုံးလုံးဟော်တယ်မှာညစာဝင်စားရင်းကျန်ရစ်ခဲ့ကြသည်

ချစ်ခြင်းနဲ့မာန်တို့တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားကာအပေါ်ဆုံးထိတက်ခဲ့ကြသည် အပေါ်မှာတော့လူအနည်းငယ်သာရှိသည် တိုကျိုမြို့ရှုခင်းနဲ့လှပတဲ့တိုကျိုမြို့ရဲ့ညအလှတွေကိုခံစားရင်း...မာန်ချစ်ခြင်းကိုယ်လေးကိုနောက်မှသိုင်းဖက်ကာ...

"ကလေး"

"ဟင်"

"ပျော်လားလို့"

"ပျော်တယ် ဒီကို ကိုကိုနဲ့တူတူလာရလို့ပိုပျော်တယ်"

"ဒီထိရောက်ခဲ့ပြီးကလေး ကိုကို့ကိုတော့ဘာပြန်ပေးမှာလဲဟင်"

"ချစ်ခြင်းတစ်ဘစာပေးအပ်ပါ့မယ်ကိုကိုရဲ့"

"တကယ်လား ဒါဆိုပြန်မယ်"

"ဟင် ဘယ်ပြန်မှာ"

"ပြန်အိပ်တော့မယ်လေ"

"အို ကိုကိုကလည်း နေပါဦးဒီမှာနေလို့မဝသေးဘူးလို့"

"အဆိုးလေး"

မာန်ချစ်ခြင်းနဖူးလေးကိုဖွဖွလေးထုလိုက်ပြီးပါးပြင်ကိုအသာအယာလေးနမ်းကာနောက်မှထပ်မံဖက်ထားလိုက်ပြီး မြို့ရဲ့ညဘက်အလှကိုခံစားမိန်းမောနေရင်း

"ကိုကို ပြန်ကြမယ် ချစ်ခြင်းချမ်းနေပြီး"

"အင်း ပြန်ရအောင်ကလေး"

ချစ်ခြင်းတို့ပြန်လာတဲ့လမ်းတလျှောက်မှာတော့စည်ကားကာရိုးရာဝတ်စုံနဲ့လူတွေ ပြဇာတ်အတွက်ပြင်ဆင်ထားကြသောရုပ်ပြောင်ကြီးတွေနှင့်လူတွေကိုတွေ့ရသည်....

ကိုကိုလူဆိုးWhere stories live. Discover now