ကိုကိုလူဆိုဆိုးep(18)

12.3K 222 2
                                    


ု"မြူးငယ်"

"မာမီ"

"ဒါတော့လွန်နေပြီးထင်တယ်သမီး မာမီအဲ့ဆရာဝန်ကိုဘယ်လောက်တောင်တောင်းပန်ပြီးပြောထားပေးလိုက်ရလဲသိလား"

"အဟင်း မာမီကလည်း ဒါမှဦးမာန်ကမြူးငယ်ဆီလာမှာပေါ့မေမေရဲ့ မဟုတ်ရင်ဒီတသက်မြူးငယ်ကိုလှာ့်ကြည့်မဲ့ပုံမပေါ်ဘူး"

"သမီး....."

"ကျွီး"

"ဦးမာန်" သားမာန်ဝင်လာတာကြောင့်ဒေါ်မူယာငယ်စကားကိုရပ်လိုက်ကာသမီးလေးဘက်ကိုကြည့်လိုက်တော့ခုနကလိုမဟုတ်တော့ဘဲမျက်နှာငယ်လေးနှင့်

"အန်တီ"

"အင်း သားမာန် အဆင်ပြေရဲ့လား"

"ပြေပါတယ်အန်တီ ကျွန်တော်အလုပ်ပြီးရင်လာကြည့်မှာပေါ့ ပြီးတေယ့ဘာကိစ္စရှိရှိကျွန်တော့်ကိုလည်းခေါ်လို့ရပါတယ်"

"အေအေသား ကျေးဇူးပါကွယ်"

"ဟုတ် ခဗျ"

ဒေါ်မူယာငယ်နဲ့နေသွေးမာန်ပြောတာတွေကိုအပြင်မှရဲနောင်ကြားသွားကာထိုကိစ္စကိုခဏစဥ်းစားလိုက်ပြီး ချစ်ခြင်းဆီဖုန်းဆက်လိုက်သည်

တကယ်ကချစ်ခြင်းဒီနေ့နေသိပ်မကောင်းတာရယ်ဆေးခန်းပြချင်တာကြောင့်ခွင့်ယူလိုက်တာဖြစ်သည် ရဲနောင်ကချစ်ခြင်းနေမကောင်းတာကြောင့်အဖော်အဖြစ်နေပေးရသည်မို့သူလဲခွင့်တစ်ရက်ယူလိုက်ရသည်

"တူး တူး"

ဖုန်းဝင်ပေမဲ့ကိုင်မဲ့သူမရှိတာကြောင့် ထပ်မခေါ်တော့ပဲအခန်းကိုသာပြန်လာပြီးစာလုပ်နေလိုက်တော့သည်။

ချစ်ခြင်းလူလည်းနှုံးလာကာအစာမဝင်တာရယ်အော့အန်တာရယ်ကြောင့်ဆေးခန်းသို့သာလာလိုက်သည်

"မခစြျခွငျးသဒ်ဒါ အထဲဝင်လို့ရပါပြီး"

နပ်စ်မခေည်သံကြောင့်ချစ်ခြင်းဆေးကုခန်းထဲဝင်ခိုင်ကာကုတင်ပေါ်လှဲလိုက်ပြီး ဒေါက်တာကစမ်းသပ်ပေးပါသည်

"သမီး ဓမ္မတာမှန်ရဲ့လား"

"ဒီလမလာဘူးထင်တယ်ဒေါက်တာဘာများဖြစ်လို့လဲဟင်"

ကိုကိုလူဆိုးWhere stories live. Discover now