ကိုကိုလူဆိုးep (4)

21.5K 390 14
                                    


ချစ်ခြင်းခါးပေါ်မှလေးပင့်နေတဲ့အရာကြီးကြောင့်ချက်ချင်းထကြည့်လိုက်တော့ ကိုကို့လက်ပင် အိပ်မောကျနေတဲ့ကိုကို့ကိုငေးရင်းတွေးမိတာက ကိုကိုကချောတယ် တည်ကြည်တယ်ခန့်ညားတယ် ချစ်ခြင်းနဲ့လည်းအဆင့်အတန်းကကွာဟလွန်းပါသည် ကိုကို့လုပ်ရက်တွေကိုမုန်းပေမယ့် ကိုကိုဟာချစ်ခြင်းရင်ထဲမှာနေရာဝင်ယူနေပြီးဆိုတာချစ်ခြင်းသိပါသည်

"အ ကိုကို" သူ့ကိုငေးပြီးအတွေးလွန်နေသောကောင်မလေးကိုခါးမှဖက်ကာသူ့ရင်ဘက်ပေါ်မှောက်ချလိုက်သည်

"ဘာကြည့်နေတာလဲကောင်မလေးခုမှမနက်4နာရီဘဲရှိသေးတာနော် စားခံချင်လို့လား"

"အာ ကိုကိုနော် ဖယ် ပြန်အိပ်ပါချစ်ခြင်းလည်းအိပ်ရေးမဝသေးဘူး"

"အိပ်ရေးမဝသေးပဲဘာလို့ထပြီးလူကိုထိုင်ကြည့်နေတာလဲ"

"အို ဘယ်သူကကြည့်လို့လဲ" သူခိုးလူမိသွားသလိုဇွတ်အတင်းငြင်းနေတာကြောင့်

"တော်တော်ဆိုးတယ်ကွာ"

"တော် တော်ပြီးကိုကို့လက်ကြီးဖယ်ပေး ချစ်ခြင်းအိပ်တော့မယ်" သူမအားစူးစိုက်ကြည့်နေတာကြောင့်အနေရခက်လာတာအမှန်ပင်

"ဒါပေမယ့်ကိုနှိူးသွားတယ်လေကွာ အဲ့တော့..."
စကားပင်မဆုံးသေးသူ့နှုတ်ခမ်းအား နမ်းရှိုက်လိုက်သောကောင်မလေးကြောင့်မျက်လုံးလေးအပြူးသားနှင့်အနမ်းခံနေမိသည်

"ပြွတ်"ခနဲလွတ်ချသံနဲ့အတူ

"အဲ့ အဲ့လောက်ဆိုရပြီလား"

"မရသေးဘူး"

"အင့်" ချစ်ခြင်းကိုသူ့အောက်ပို့လိုက်ကာနှုတ်ခမ်းပါးလေးကိုထပ်မံနမ်းရှိုက်လေသည် မိနစ်အနည်းငယ်အကြာသူလွတ်ပေးလိုက်တော့သူမကအိပ်မောကျနေလေပြီး

"အအိပ်ကလဲကြီးလိုက်တာကွာ "သူ့ခေါင်းမှဆံပင်တွေကိုထိုးဖွရင်းအောက်နှုတ်ခမ်းကိုက်ကာသူမလေးကိုငေးကြည့်ရင်းပင် သူလည်းတဖန်ပြန်အိပ်ပျော်သွားတော့သည်
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"အင်း "အပျင်းကြောလေးဆန့်ကာထလိုက်ပြီးဘေးကိုကြည့်လိုက်တော့သူမလေးသူ့ဘေးမှာရှိမနေပါ ဘယ်အချိန်တည်းကထသွားတာလဲမသိဘူး နာရီကိုကြည့်တော့မနက်8နာရီ10မိနစ်ပင်ရှိနေပေပြီး သူလဲအိပ်ရာမှထကာသူ့အခန်းထဲပြန်ပြီးရေမြန်မြန်ချိုးကာကုမ္ဗဏီသွားဖို့ပါပြင်ဆင်ပြီးမနက်စာစားဖို့အောက်ကိုဆင်းလာခဲ့သည်

ကိုကိုလူဆိုးWhere stories live. Discover now