Chapter - 56 (U+Z)

9.9K 1.4K 89
                                    

//UNICODE//

အခန်း ၅၆ - သုတေသန

စုလင်း လုံ​မော့ထန်ကို အသာ ပွေ့ဖက်လိုက်​တော့ ​ပျော့​ပျောင်းနူးညံ့သည့် အရွက်များက သူ့လက်ဖဝါးကို ပြန်လည် ပွတ်သပ်လာပြီး​နောက် သူဟာ ထပ်မလှုပ်ရှား​တော့​ပေ။ စုလင်း ရှန်းမိုယွီဘက်ကို လှည့်ပြီး ​မေးလိုက်သည်။

"ဒါက သူ မင်းနဲ့အတူ ​နေရာလွတ်ထဲကို မသွားချင်ဘူးလို့ ​ပြောချင်တာလား?"

အမြစ်က ခေါင်းညိတ်ပြရာ စုလင်းလည်း လုံ​မော့ထန်ကို သူ့လက်ကောက်ဝတ်မှာပဲ ​နေ​စေလိုက်ပြီး ရှန်းမိုယွီကို ​နေရာလွတ်ထဲ ထည့်လိုက်သည်။ ကုလီဟန်သည် စုလင်းရဲ့ ဘယ်ဘက်လက်​ကောက်ဝတ်ကို၂ စက္ကန့်မျှကြာ​အောက် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူက စုလင်းရဲ့ညာဘက်လက်ကို ကိုင်ကာ သူ့လက်နှင့် တင်းတင်းကြပ်ကြပ် အုပ်မိုးထား​တော့သည်။

သူ့နတ်ဘုရားကို တစ်ချက်ကြည့်လိုက်ပြီး​ စုလင်း မျက်ခုံးပင့်လိုက်မိရကာ ပြုံးလိုက်ပြီး သူ့ကို (GLH) ရှေ့က​နေ သွား​စေလိုက်သည်။ ထို့​နောက် ရဲ့လဲ့ ကို​ပြောလိုက်သည်။

"ကျွန်​တော်တို့ အခု သွားလို့ရပြီ"

နတ်ဘုရားနှင့် လက်ချင်းတွဲပြီး ရဲလဲ့​နောက်မှ လိုက်ကာ စိတ်ဝိညာဥ်ပင်ခန်းမှ ထွက်၍ အိပ်​ဆောင်၏​နောက်​ဖေးတံခါးမှာ ရပ်ထားသည့် ကားကို စီးခဲ့သည်။ မိနစ် 20 ခန့် ကားမောင်းလာပြီးနောက် ကားသည် ချိုင့်ဝှမ်းတစ်ခုတွင် ရပ်သွားသည်။  ငှက်အော်သံများနှင့် တိရိစ္ဆာန်များ၏ ဟိန်းဟောက်သံများကို ချိုင့်ဝှမ်း၏နက်နဲသောနေရာမှ ခပ်သံ့သဲ့ ကြားနေရသည်။  စုလင်းသည် ကားမှန်ကို ချလိုက်ပြီး ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ချိုင့်ဝှမ်း၏မြောက်ဘက်တွင် သစ်တောကြီးတစ်ခုရှိပြီး အဆုံးတွင် တောင်တန်းများရှိသည်။

ရဲ့လဲ့က သူ့လက်ကောက်မှ သုံးဖက်မြင် မျက်နှာပြင်ကို မျှဝေလာသည်။  မျက်နှာပြင်ကို အကန့် ၉ခု ပိုင်းခြားထားပြီး ချိုင့်ဝှမ်းတစ်လျှောက်မှ စောင့်ကြည့်ဗီဒီယိုများကို ပြသ​နေသည်။ မြင်ကွင်းက အလွန်ကျယ်ပြန့်​နေသောကြောင့် ထောက်လှမ်းရေးကိရိယာများထားရှိရာ မြေမျက်နှာသွင်ပြင်မှာ အတော်လေးမြင့်မား​နေမှ ရနိုင်သည်။ သူက ကားမောင်းသူထိုင်ခုံမှာ ထိုင်​နေသည့် အဖွဲ့ရဲ့ Boss[1]ကို ​မေးလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now