UNICODE
အခန်း ၅၇ - ငွေရှာခြင်း
စုလင်း ဖုန်းကို အမည်မသိနံပါတ်များအတွက် 'မနှောင့်ယှက်ရမုဒ်'(do not disturb mode) ပြောင်းသည်။ ထို့နောက် ပျော့ပျောင်းနူးညံ့နေသော ခေါင်းအုံးထဲသို့ ခေါင်းစိုက် ထိုးဆင်းကာ မျက်နှာကို ခေါင်းအုံးနဲ့ ပွတ်တိုက်လိုက်သည်။
ကုလီဟန်က သူ့ရဲ့ ပျော့အိနေတဲ့ ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ပေးပြီး ပြောလာသည်။
"ဒါ တစ်ခုခု မှားနေသလိုပဲ။ မင်းခဏလောက် ထပ်အိပ်လိုက်ဦး။ ဘာဖြစ်သွားသေးလဲဆိုတာ ကိုယ် စစ်ဆေးထားလိုက်မယ်"
"မှားနေတယ်?"
စုလင်း ကုလီဟန်ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
ကုလီဟန်က ကုတင်ခေါင်းရင်းကို မှီပြီး သူ့လက်ကောက်မှ သုံးဖက်မြင် မျက်နှာပြင်ကို အမူအရာမဲ့စွာ စိုက်ကြည့်နေသည်မှာ အလွန်အမင်း လေးနက်နေပုံလျက်။ ထို့ကြောင့်ပင် စုလင်း ချက်ခြင်း လန့်သွားရသည်။ သူလည်း ထထိုင်လိုက်ပြီး သုံးဖက်မြင် ဖန်သားပြင်ကို ကြည့်လိုက်သည်။
ကုလီဟန်က စုလင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ညအိပ်ဝတ်စုံရဲ့ ကော်လံကို မြင့်မြင့်ဆွဲတင်ပေးသည်။
"အအေးမမိစေနဲ့"
ပြောလာသည့် သူ့အသံက နက်ရှိုင်းအက်ရှနေခဲ့သည်။
စုလင်း မျက်ခုံးပင့်ကာ ခေါင်းငုံကြည့်လိုက်သည်။ ထို့နောက် သူက နာခံစွာပင် သူ့ညဝတ်အင်္ကျီကို ကြယ်သီးတပ်လိုက်သည်။
"ဒါ အင်ပါယာစစ်ဆေးရုံ ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်က ထုတ်ပြန်ချက်ပဲ"
ကုလီဟန်က သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး သုံးဖက်မြင် ဖန်သားပြင်ကို ညွှန်ပြသည်။
"ရှန်းမိုယွီရဲ့ ပိုင်ရှင်ကို ထုတ်ဖော်ပြောဆိုထားတာ မရှိဘူး။"
စုလင်း က စာပိုဒ်ကို အသံတိုးတိုးလေးနဲ့ ဖတ်ကြည့်လိုက်သည်။
"မာရှယ်မန်တန်ရဲ့ အခြေအနေ ပြန်ကောင်းလာပြီးနောက်မှာ ကုသနည်း အသစ် ရှာဖွေတွေ့ရှိခဲ့ပါသလားဟု လူအများက မေးခဲ့ကြတယ်။ အဖြေကတော့ ဟုတ်ပါတယ်။ အဲ့ဒါဟာ သိပ်မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ S အဆင့် စိတ်ဝိညာဉ်ပင် ရှန်းမိုယွီ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကုန်ကြမ်းတွေက အနက်ရောင် အမှုန်အမွှားတွေကို ဖယ်ရှားပေးနိုင်ပြီး အမှုန်အမွှားတွေကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးခြင်းကို ကုသပေးနိုင်ပါတယ်။ သုတေသနဌာနဟာ လူသားနည်းပညာနဲ့ တုပ ကုသနည်းကို ပြန်လည်ဖန်တီးခြင်းအတွက် သုတေသနပြုနေတာကြောင့် လူတိုင်းစိတ်ချထားနိုင်ပါတယ်။"

YOU ARE READING
ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီးလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Fantasy▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s) - Isohungry Translations ▪️Original Publisher - JJWXC ▪️Year - 2019 ▪️Status in COO - 87 Chapters (C...