"တစ်ယောက်မှမရှိကြဘူးလား !"
"ရှိ ရှိပါတယ် သခင်လေး...."
"ရှိရင်လဲ ရေခပ်လာခဲ့သွား ငါ့အမျိုးသားအခုမှအပြင်ကပြန်လာတာ ရေတောင်မချပေးဘူးလားမင်းတို့က !!"
"ဟုတ်ဟုတ် အခု အခုယူခဲ့ပါ့မယ်ရှင့်"
"တောက် !!"
သက္ကရာဇ်မောင် ကတော်တော်ကိုထူးဆန်းနေတာပင်။
ဘာမှမဆီမဆိုင် အိမ်ကအလုပ်သမားကိုလဲ အော်လိုက်သေးသည်။ ဒေါင်းရေသောက်မသောက်ကိုလဲ သက္ကရာဇ်မောင်က ဂရုစိုက်သည်တဲ့လား။"အဟမ်း သောက်လေ..."
"ရပါပြီ ကိုယ်အဲ့လောက်မမောဘူး"
"မရဘူးဗျာ သောက်ဆိုသောက်လိုက်ပေါ့ ခင်ဗျား"
ကျစ် !!
ဒီကောင်လေးဘာဖြစ်ချင်နေတာလဲ။ သူ့ကိုယ်သူ အရင်ကနဲ့မတူပဲ ထူးဆန်းနေတယ်ဆိုတာတောင် မရိပ်မိနိုင်လောက်အောင် ဒေါသထွက်နေပုံပေါက်သည်။ ဒေါင်းလဲ ဘာမှမလုပ်ရပါ။ တကယ်ဆို ဒေါင်းတောင်အခုမှ အိမ်ပြန်ရောက်လာတာမဟုတ်လား။
တကယ်တော့ ဒေါင်း အာရုံတော်တော်နှောက်နေပြီဖြစ်သည်။ သို့ပေမဲ့ ကိုယ်နဲ့အတူနေရတဲ့ အမျိုးသား ပွင့်ပွင့်လင်းလင်းပြောရရင် အခုအချိန်ကနေ ဒေါင်းရဲ့နောက်ဆုံးထွက်သက်ထိ အတူတူနေရမဲ့ သူဖြစ်လို့သာ ဒေါင်း ဒီ ကိစ္စလောက်ကိုသည်းခံနေခြင်း။
"ကိုယ် မသောက်နိုင်ဘူးဆိုရင်ရော"
"ခင်ဗျားမသောက်ရင် ကျွန်တော်ဘာစကားမှဆက်မပြောဘူး"
အင်း ကိုယ်က အကြီးဆိုတော့ နောက်ဆုံးတော့ ကိုယ်ကပဲ အလျှော့ပေးမှ ဒီဆက်ဆံရေးကချောမဲ့ သဘောဖြစ်နေပါလား။
"Ok"
"ဂလုဂလု"
"ရပြီ ပြောစရာရှိတာပြောတော့ ဒါပေမဲ့ ကိုယ့်အချိန်တွေကို အလကားသက်သက် ကုန်စေမဲ့ အရေးမပါတဲ့ အကြောင်းအရာတွေမဖြစ်ဖို့တော့ မျှော်လင့်တယ်"
"ဟုတ်ပါပြီဗျာ ကျွန်တော်စမပြောခင် ခင်ဗျားကိုတစ်ခုမေးချင်တယ် အခု ဒါ ဘယ်ကပြန်လာတာလဲ"
ကျစ် !!
သက္ကရာဇ်မောင် ဒီမေးခွန်းကို ဘာသဘောနဲ့ မေးလိုက်တာလဲ။ သိချင်စိတ်သက်သက်ကြောင့်လား ဒါမှမဟုတ် ဒေါင်းကို ပိုင်စိုးပိုင်နင်းလာလုပ်နေတာလား။
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.