Part 17 ( Unicode )

24.8K 1.7K 85
                                    

သက္ကရာဇ်မောင်တစ်ယောက် သူ့မာမီခြံထဲက ပန်းသီးစိမ်းသုံး‌လုံးလောက်ကို ခူးပြီး သေသေချာချာ လှီးကာ ပန်းကန်ထဲ လှလှပပထည့်လျှက် သူ၏အမျိုးသားဖြစ်သူ ဒေါင်းသက်ဦးရှိရာ အခန်းထဲသို့ဝင်လာတော့သည်။

ကျစ် !

မအိပ်ပါနဲ့သေချာပြောထားတဲ့ဟာကို အိပ်ဖြစ်အောင် အိပ်လိုက်သေးသည်။ ဘယ်လိုလေးတုန်းကွာ။ ထိုသို့ဖြင့် သက္ကရာဇ်မောင် သူ့လက်ထဲက ပန်းသီးပန်းကန်ကိုစားပွဲပေါ်ချကာ ဒေါင်းအိပ်နေရာ ကုတင်ဘေးက ဆိုဖာခုံလေးမှာ ဝင်ထိုင်ပြီး ဒေါင်းကိုသေချာကြည့်လိုက်သည်။

"ဒေါင်း...."

"အင်း"

"အိပ်နေတာမဟုတ်ဘူးလား"

"ခဏမှေးနေတာပါ နေပါဦး ဘယ်မှာလဲပန်းသီး"

"ဒီမှာပါဗျ"

ယောကျာ်းလေးဖြစ်လို့ အိမ်မှု ကိစ္စမနိုင်နင်းတာ ဟင်းချက်မကျွမ်းကျင်တာလောက်က ဒေါင်းနားလည်ပေးမိမှာ။ သို့ပေမယ့် အံ့ဩစရာကောင်းလောက်အောင် သက္ကရာဇ်မောင်က ဒီလိုအရာတွေမှာ ဒေါင်းထပ်တောင် ပိုကျွမ်းကျင်ပြီး အတွေ့အကြုံရှိနေပါသေးသည်။

တကယ်ဆို ဒေါင်းက ကျန်သည့်အရာတွေမှာ တတ်မြှောက်ကျွမ်းကျင်ပေမယ့် ငယ်စဉ်ကတည်းက ကိုယ့်ထမင်းဝိုင်းကိုယ်ပြင်စားဖူးခဲ့တာတောင်မဟုတ်။ ငယ်စဉ်ထဲက မိဘအရိပ်အောက်မှာနေခဲ့ရတော့ ဒေါင်းအတွက် စားဖို့ဆိုတာ ပူစရာမလို။ ထမင်းစားပွဲဝိုင်းရောက်တာနဲ့ စားဖို့က အသင့်ရှိနေပြီးဖြစ်သည်။

"တစ်ယောက်ထဲနေတဲ့သူနဲ့ မိသားစုနဲ့နေခဲ့ရတဲ့သူ တူတော့မတူဘူးပဲ"

"ဒါပေါ့ ခင်ဗျားရဲ့ တစ်ယောက်တည်းနေတဲ့သူက သူ့အားသူကိုးတတ်တာပေါ့ အဖော်နဲ့ နေတဲ့သူက အနားမှာရှိတဲ့သူတွေကို အားကိုးတတ်တယ်လေ"

"အင်း မင်းပြောတာမှန်ပါတယ်"

"ကဲ စကားမများနဲ့ စားမြန်မြန် အလုံးသေး‌ပေမယ့် ချိုပါတယ်"

"ကိုယ်လဲစားနေတာပဲ အဲ့လောက်လဲမချိုပါဘူး"

အမယ် ချိုနေတဲ့ဟာကိုများ ဒေါင်းသက်ဦးတို့ လာမူနေသေးတယ်။

ᴅᴀᴜɴɢWhere stories live. Discover now