Part 33 ( Zawgyi )

5.7K 162 1
                                    

"Strawberries and cigarettes always taste like you..."

"မောင်....."

"မောင် !"

"သက္ကရာဇ်မောင် !!"

"ဗျာ ဗျာ ဗျ"

"ဖုန်းလာနေတယ်လေ"

"အာ ဆောရီး ဆောရီး ခင်ဗျားလေးကိုငေးမိတာ အငေးလွန်သွားလို့ မောင်ဖုန်းသံမကြားလိုက်ဘူး"

ဒေါင်း သက္ကရာဇ်မောင်ကို ဒေါင်းလက်ထဲ အခုရှိနေသည့် တူဖြင့်ပဲထုလိုက်ရမလား။ ဝက်အူလှည့်နှင့်ပဲ ဝက်အူလှည့်သလို လှည့်ပစ်လိုက်ရမလားတွေးနေမိသည်။ ဖုန်းလာနေတာကို မကိုင်ပဲ လူကိုငမ်းငမ်းတက်ကြည့်နေတာ သက္ကရာဇ်မောင်ဟာ ဒီရက်ပိုင်းဒေါင်းကိုအတော်ဖြစ်နေတာပင်။

"သက္ကရာဇ်မောင် ! ဖုန်းကိုင်စရာရှိတာ ကိုင်လိုက်တော့ ကိုယ်မင်းကို စိတ်မရှည်တော့ဘူးနော် လက်ထဲရှိတဲ့ တူနဲ့ ကောက်ထုမိတော့မယ်"

"မလုပ်ပါနဲ့ဗျာ မောင်အခု ကိုင်ပြီနော်"

ဒေါင်းနှင့် သက္ကရာဇ်မောင်က အခု ထမင်းစားခန်းက မီးချောင်းလေးက မီးမလာတော့တာရယ် ထမင်းစားပွဲမှာထိုင်ဖို့ သုံးတဲ့ သစ်သားထိုင်ခုံတစ်လုံးကလဲ အနည်းငယ် စောင်းနေတာကြောင့် ပြင်နေကြတာဖြစ်သည်။ သက္ကရာဇ်မောင်ကပြင်နေတာဆိုပိုမှန်မည်။ ဒေါင်းကတော့ ဘေးက ဝိုင်းကူပေါ့။

အခုချိန်ကတော့ ညနေ ၆နာရီခွဲ။ သက္ကရာဇ်မောင်က ဒီနေ့ Company ကနေ ညနေ၆နာရီမှပြန်ရောက်လာပြီး သက္ကရာဇ်မောင်ကပြန်ရောက်တော့ ဒေါင်းက ထမင်းစားခန်းထဲမှာမီးချောင်းကိုမပြင်တတ် ပြင်တတ်ဖြင့် ပြင်နေတာဖြစ်သည်။ အဲ့တာကိုမြင်ပြီး မနေနိုင်သူ သက္ကရာဇ်မောင်ကတော့ အခုမှအလုပ်ကပြန်လာတာတောင် မနားပဲ သူကိုယ်တိုင် ဝင်ပြင်ပေးနေတာဖြစ်သည်။

ယခုဆို ဒေါင်းတို့ မင်္ဂလာသက်တမ်းက ၁နှစ်ကျော်လာခဲ့ပြီး မကြာခင် အချိန်မှာ အိမ်ထောင်သက် ၂နှစ်တောင်ပြည့်တော့မည်ဖြစ်သည်။ ဒေါင်းကတော့ အရင်အတိုင်း မပြောင်းမလဲ အိမ်မှာ အလုပ်လုပ်သည်။ Company ကိုတော့ မသွားမဖြစ် သွားရမည့် အချိန် သို့မဟုတ် Meeting ရှိမှသာသွားသည်။ သက္ကရာဇ်မောင်ကတော့ တစ်ပါတ်မှာ ၆ရက် မနက် ၉နာရီမှ ညနေ၅နာရီအထိ Company သွားပြီး သူ့ရဲ့အားလပ်ချိန်များမှာတော့ ဒေါင်းနှင့် အချိန်ဖြုန်းသည်။ မအားလဲ အမြဲ ဒေါင်းအနား ရရင် ရသလို ကပ်နေတာလဲ သက္ကရာဇ်မောင်ပါပဲ။

ᴅᴀᴜɴɢWhere stories live. Discover now