Part 16 ( Unicode )

26.2K 1.8K 42
                                    

ကျစ် !

မနေ့ညက သက္ကရာဇ်မောင်ပြောတဲ့ သရဲမကြောင့် ဒေါင်းအကြောက်လွန်ပြီးညတုန်းကတော့ ဘယ်လိုအိပ်ပျော်သွားလဲ မသိပေမယ့် မနက်ကျတော့ ‌သက္ကရာဇ်မောင်ကိုတင်းတင်းကျပ်ကျပ်ဖက်လျှက် အိပ်နေသူမှာ ဒေါင်းဖြစ်နေသည်။ တော်သေးတာပေါ့ သက္ကရာဇ်မောင် ကအိပ်နေသေးလို့။ မဟုတ်ရင် ခင်ဗျားက သရဲလဲ ကြောက်တတ်တာလားဆိုပြီး စနေဦးမှာ။

ဒေါင်း သက္ကရာဇ်မောင် လဲ မနိုးရအောင် သက္ကရာဇ်မောင် ကိုဖက်ထားသည့် ဒေါင်း၏ လက်တွေကို အသာ ရုတ်သိမ်းလိုက်ပြီး သက္ကရာဇ်မောင်၏ ကြီးမားသော ရင်ခွင်ကြီးထဲမှ ‌မသိမသာ အမြန်ထွက်လိုက်ခါ တစ်‌ဖက်စောင်းလှည့်လိုက်ပြီး သက်ပြင်းခိုးချနေရ၏။ ထို့‌နောက် ဒေါင်း သူ့လက်က နာရီလေးကိုငုံ့ကြည့်လိုက်သည်။

အင်းး ၈နာရီတောင်ထိုးနေပြီပဲ။

တကယ်တော့ ဒေါင်း ပြင်ဦးလွင်ကိုရောက်ပြီးတစ်ရက်တော့ အေးဆေးနားမယ်လို့ဆုံးဖြတ်ထားတာ။ သို့ပေမယ့်လဲ ဘာအလုပ်မှမရှိမယ့် အတူတူ Company ကိုနေ့တစ်ပိုင်းလောက်ခဏသွားလိုက်တော့ ဘာဖြစ်လဲ။ အလုပ်ကတော့ အလုပ်ပဲမို့ ရှောင်လွှဲနေလဲ ဘာမှမထူး။ မြန်မြန်လုပ်မှကိုပြီးမှာ မဟုတ်လား။

ထို့နောက် ဒေါင်း ဘာရယ်မဟုတ် သက္ကရာဇ်မောင် ဘက်ပြန်လှည့်ကာ သက္ကရာဇ်မောင်ကိုနိုးရန်ကြည့်လိုက်တော့ သက္ကရာဇ်မောင်က နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသေးသည်။

ဟုတ်သည်။ သူပင်ပန်းသွားမှာပေါ့။ မနေ့ကလဲ တစ်နေကုန်ကားမောင်း ၊ ပစ္စည်း‌တွေလဲ သူပဲ အကုန်သယ်။ တကယ်ဆို အစစအရာရာ သက္ကရာဇ်မောင် ကပဲလုပ်ပေးတာမို့ ဒေါင်းဒီတစ်‌ခေါက် အလုပ်နှင့် လာရတဲ့ ခရီးမှာ အတော်သက်သာသွားသည်။

သက္ကရာဇ်မောင်၏ ယောကျာ်းဆန်မှုကိုလဲ ဒေါင်းသည် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါသည်။ ဒေါင်းသာ အားနွဲ့တဲ့ မိန်းမသားဖြစ်ခဲ့ရင် သက္ကရာဇ်မောင်လို လူမျိုးဆီမှာ အနည်းဆုံး တစ်ခေါက်တော့ ကျရှုံးမိလိမ့်ပေမည်။

အသွင်တူမှအိမ်သူဖြစ်တာတဲ့။ တကယ်ကို ထိုစကားဟာမှန်လောက်ပါရဲ့။ သက္ကရာဇ်မောင်ကိုဒေါင်းဟာ ကိုယ့်ထက်လဲ အသက်ငယ်သူမို့ ကလေးမဆန်ရင်တောင် မရင့်ကျက်‌သေးဘူးလို့ တွေးထားတာ။ တကယ်တော့ သက္ကရာဇ်မောင်ဟာ သူ့အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်ပြီး ဒေါင်းသက်ဦးလို အမျိုးသားနေရာကတောင် အားကိုးချင်စိတ်ပေါ်သည်အထိ ပြီးပြည့်စုံလွန်းလှသည်။

ᴅᴀᴜɴɢWhere stories live. Discover now