Part 31 ( Zawgyi )

6K 184 2
                                    

"အဟမ်း အဟမ်း !"

"........."

"မောင်...."

"ဗျ"

"ကိုယ့်ဘာမှပြောစရာမရှိဘူးလား"

"မောင်ကဘာပြောရမှာလဲ ခင်ဗျားရဲ့ ဒေါင်းဘာသိချင်တာလဲ မေးလေ"

"ဟိုလေ မာမီနဲ့ ဘာပြောနေကြတာလဲလို့"

အဟက် !

ကြည့်ရတာ မာမီ့ချစ်သားလေးက သူ့ဒယ်ဒီကိုကျ ယုံပေမယ့် သူ့မာမီကိုကျတော့ မယုံတဲ့ပုံ။ သက္ကရာဇ်မောင် ဒီနေ့ မနက်အစောကြီးထဖြစ်သည်။ ယောက္ခမကြီးအိမ်ရောက်တုန်း မျက်နှာပန်းလှလဲအောင် ယောက္ခမကြီးလဲအမြင်ကြည်အောင် လက်စွမ်းပြရမည်ဆိုသည့် အကြံဖြင့် မနက်အစောကြီးထကာ မနက်စာစီစဉ်ပေးဖြစ်သည်။ မြတ်နိုးရပါသော အမျိုးသားလေးကတော့ သူ့အိမ်သူပြန်ရောက်လာတော့ နေချင်သလိုတွေနေတာ မနက်၉ နာရီရှိပြီ အိပ်ကောင်းတုန်းမို့ သက္ကရာဇ်မောင်မှာ ယောက္ခမကြီးနှင့်အတူ မနက်စာ လက်စုံစားဖို့ အပြေးနိုးလိုက်သေးရသည်။

မနက်စားပြီးတော့ ဒေါင်းသက်ဦးတို့ဘာလုပ်တယ်ထင်ပါသလဲဗျာ။ ကိုယ် မရတော့ဘူး အိပ်ရေးမဝသေးဘူးဟုဆိုကာ အိပ်ရာထဲဝင်ကာ ပြန်ထိုးအိပ်နေသတဲ့။ သူ့မာမီနေမကောင်းတာကို စိတ်ပူလို့ဆိုပြီး လာကြည့်လို့ပဲတော်သေးသည်။ ယောက္ခမကြီးကလဲသူ့သားကိုရှယ်ပလန်နဲ့ အလိုလိုက်ရှာသည်။ ဒေါင်းဘာလုပ်လုပ် ဘာပြောပြော အပြုံးမပျက်ကြည့်နေတာ သက္ကရာဇ်မောင်ရဲ့မာမီနဲ့များကွာပ။

ဒေါင်း အိပ်နေတုန်း ဒေါင်းရဲ့မာမီက သက္ကရာဇ်မောင်ကိုခေါ်စကားပြောသည်။ ဘာအကြောင်းများလဲဆို ကျွန်တော့ အမျိုးသား ဒေါင်းသက်ဦးရဲ့ အကြောင်းတွေပဲပေါ့။ ကိုယ့်မာမီက ကိုယ့်ကိုအတင်းပြန်ချတယ်ဆိုတာ ဒေါင်းလိုအဖြစ်မျိုးကိုပြောတာနေမည်။ သက္ကရာဇ်မောင်မှာ တစ်နာရီလောက် ခေါင်းတွေပူထူအောင်နားထောင်ပြီး အဆုံးသတ်ကျတော့ လိုရင်းက ဒေါင်းက အပျင်းထူလို့ သားကပဲ သည်းခံပေးပါဦးဆိုတဲ့သဘောပါပဲ။ အစကတည်းက ဒီတစ်ခွန်းပြောလိုက်ပြီးရော ဒီ ယောက္ခမကြီးလဲနေမကောင်းလို့ပဲတော်တော့သည် သူ့သားအကြောင်းများပြောရမယ်ဆိုရင် မမောနိုင်မပန်းနိုင်။

ᴅᴀᴜɴɢWhere stories live. Discover now