ဒေါင်း ဒီနေ့မနက်မှ ထူးထူးဆန်းဆန်းအစောကြီးနိုးနေ၏။ မနက်၆နာရီ ၁၅ မိနစ်ပဲရှိသေးတာကို ဘယ်လိုမှ ဆက်အိပ်လို့မရတာတော့ကြောင့် ဒေါင်း သူ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားသော သက္ကရာဇ်မောင်၏ လက်တွေကိုဖွဖွဖယ်ချကာ အိပ်ရာမှထလာခဲ့တော့သည်။
ထို့နောက် မျက်နှာသစ်အဝတ်အစားလဲပြီး အိမ်ရှေ့အိမ်နောက် ပတ်ကြည့်ကာ တံခါးတွေဖွင့်လိုက်သည်။ ဒေါင်းတို့ အိမ်က အလုပ်သမား ကောင်မလေးနှစ်ယောက်နှင့် အိမ်တော်ထိန်းဖြစ်သည့် အန်တီကြီးတို့ကတော့ အခုထိမနိုးကြသေး။ တကယ်တော့ ဒီအိမ်မှာ အလုပ်လုပ်ရတာာသူတို့အတွက် ကံကောင်းသည်။ ဘာကြောင့်ဆို သက္ကရာဇ်မောင်ကအားရင်အားသလို ဒေါင်းရဲ့ ဝေယျာဝစ္စကမှအစ သူကိုယ်တိုင်ကိုယ်ကျ ဝင်လုပ်ပေးတတ်လို့ဖြစ်သည်။
"ဟင်...."
အခုဒေါင်းမြင်နေရတာမမှားဘူးဆို ဒေါင်းတို့ အိမ်ရှေ့ဝင်းတံခါးအနားမှာ သက္ကရာဇ်မောင်ရဲ့သူငယ်ချင်းဖြစ်သူ ရာခန့်ပိုင်ဆိုသည့် ကောင်လေးသည် ခြေကုန်လက်ပန်းကျနေဟန် ငုတ်တုတ်ထိုင်နေသည်။ ဟုတ်သည်။ ဒေါင်းမြင်တာ မမှားဘူး။ ဒါတကယ်ကို ရာခန့်ပိုင်ဆိုတဲ့ကောင်လေးပဲ။
ကျစ် !
ဘယ်ကတည်းကများ လာထိုင်နေတယ်မသိ။ အအေးတွေတော့ ပတ်တော့မှာပဲ။ ဒီကောင်လေးတွေကတော့မဟုတ်တော့ဘူး...
ထို့နောက်ဒေါင်း ထိုကောင်လေးနားအမြန်သွားလိုက်တော့ ရာခန့်ပိုင်က ခြေသံကြား၍ထင် အနောက်ကိုလှည့်ကြည့်ကာ ဒေါင်းကိုတွေ့တော့ သူ့မျက်နှာကို အတင်းအောက်ငုံ့ထားတော့သည်။
ကြည့်ရတာ ဒီကလေးက ဒေါင်းကို အားနာနေတာလား ကြောက်နေတာလား ဒီနှစ်ခုထဲက တစ်ခုပဲ။
"ညီ ဒီမှာ ဘာထိုင်လုပ်နေတာလဲ လာလာ အိမ်ထဲဝင်ခဲ့"
"ဟတ်ချိုး ! ဟုတ် ဟုတ်ကဲ့ခင်ဗျ"
ဟင်း....
ကြည့်ရတာ ဒီကောင်လေးတော့ နေမကောင်းဖြစ်နေပြီထင်သည်။ဒေါင်းတို့ အိမ်ထဲရောက်တော့ ရာခန့်ပိုင်ကို ဒေါင်းက ဧည့်သည်တွေလာရင် နေဖို့ သီးသန့်လုပ်ထားအခန်းထဲသို့ခေါ်ဝင်လာ၏။ ခန့်ကလည်း သိပ်မနေချင်ရှာပါဘူး အခန်းထဲရောက်တာနဲ့ကို တစ်ခါထဲအိပ်ရာပေါ်တက်ကာ ထိုးအိပ်တော့သည်။
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.