"အဟမ်း စားလို့ပြီးပြီလား"
"ခဏလေးပါ ခင်ဗျားရယ် မောင်ပြီးအောင်စားပါရစေဦး"
ကြည့်ရတာ သက္ကရာဇ်မောင်က မနေ့ညက မေးခွန်းပဲ သူ့ကိုဆက်မေးဦးမယ်လို့ထင်ပြီးရှောင်နေတာဖြစ်မယ်။ အဲ့တာကြောင့် မနက်ကလဲ ဒေါင်းနိုးတော့ ဒေါင်းအနားမှာ သက္ကရာဇ်မောင်မရှိတော့။ အစောကြီးလဲ ထသွားတဲ့ အပြင် ညကလဲ သူပြောတဲ့ အတိုင်း ဒေါင်းကို တစ်စက်ကလေးမှတောင်မထိခဲ့ပါ။ သက္ကရာဇ်မောင်က ညဖက် ဒီလောက် အေးနေတာကို ဒေါင်းရဲ့စောင်လဲ ဆွဲခြုံပြီး မအိပ်ခဲ့။ သေချာတာတော့ သက္ကရာဇ်မောင်မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့မည်မဟုတ်။
သက္ကရာဇ်မောင်က ဒေါင်းအပေါ်တစ်ဖြည်းဖြည်းပြောင်းလဲလာတာ ဘာအကြောင်းကြောင့်ရယ်ဆိုပြီးတော့တော့ တိတိကျကျမသိပေမဲ့ ကာယကံရှင်က ဝန်ခံဖွင့်ပြောမှသာ သေချာ နားထောင်တော့မည်ဟု ဒေါင်းဆုံးဖြတ်ထားသည်။ ဘာလို့လဲဆိုတော့ သက္ကရာဇ်မောင်ဘာဖြစ်နေလဲဆိုတာ သူကိုယ်တိုင်သာ အသိဆုံးဖြစ်မည်မဟုတ်လား။ ဘေးကလူတစ်ယောက်အနေနဲ့တော့ သူငါ့အပေါ် ဘယ်လိုခံစားမှုမျိုးရှိနေတယ်ထင်တယ်ဆိုတဲ့ အပေါစားဆန်တဲ့ အတွေးတွေနဲ့ သက္ကရာဇ်မောင်ရဲ့ ခံစားချက်တွေကို တစ်ဖက်သတ် ကောက်ချက်မချချင်တာမို့ဖြစ်သည်။
တကယ်ဆို ဒေါင်းလဲ ဝန်ခံစရာတစ်ခုရှိပါသည်။
"ပြီးပြီ မောင့်ကိုပြောစရာရှိတယ်ဆို ပြောလေ"
"ကိုယ်မင်းကိုအရင်ကလောက်မစိမ်းတော့ဘူး"
"အင်း ဒါပဲလား"
"မင်းနဲ့နေရတာ သက်တောင့်သက်တာ မဖြစ်တာမျိုးလဲ မရှိတော့ဘူး"
"ကုန်ပြီလား"
"အင်း မင်းကို ကိုယ့်မိသားစုဝင်တစ်ယောက်လို သဘောထားနိုင်ပြီထင်တယ်"
"ဆက်ပြော ကျန်သေးလား"
"မင်းကိုယ်နဲ့ နီးနီးကပ်ကပ်နေချင်သလို ကိုယ်လဲ မင်းနဲ့ ဖြစ်နိုင်ရင် ဒီထပ်ပိုပြီး ရင်းရင်းနှီးနှီးနေချင်တယ်"
"အကြောင်းအရင်းက ?"
"......"
"မောင်နဲ့က အခုကစပြီး တူတူနေသွားရတော့မှာဆိုတော့
ရင်းရင်းနှီးနှီးနေထားတော့ ကောင်းတာပေါ့ ဒါမျိုးလား"
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.