ကျစ် !
အိပ်လို့မရဘူး။
ဘာလို့အိပ်မရတာလဲကွာ။
သက္ကရာဇ်မောင်က နဂိုထဲက ညဖက်ဆိုတော်တော်နှင့်အိပ်မပျော်တတ်သူ။ ဒေါင်းကတော့ ဆန့်ကျင်ဖက် အိပ်ရာပေါ်ရောက်တာနဲ့ တစ်ခါတစ်လေ စောင်တောင်မခြုံအား တစ်ခါထဲအိပ်ရော။ သက္ကရာဇ်မောင်ကအတွေးများတတ်သူဆိုလို့ရှိရင် ဒေါင်းကတော့ အမှိုက်ဆို ဘယ်လိုအမှိုက်မျိုးကိုမှ ခေါင်းထဲမထည့်တတ်သူ။
အာရုံအနှောက်မခံနိုင်တာတော့ သက္ကရာဇ်မောင်ရော ဒေါင်းရောပါပဲ။ သို့ပေမယ့် မိသားစုနဲ့နေခဲ့ရတာ ဒေါင်းဟာ အတွေးမများပဲ လုပ်စရာရှိတာကိုပဲ အာရုံစိုက်လုပ်တတ်ပေမယ့် တစ်ယောက်တည်း နေခဲ့ရတဲ့ သက္ကရာဇ်မောင်ကတော့ အတွေးများသည်။ သို့ပေမယ့် သက္ကရာဇ်မောင်ရဲ့အတွေးတွေဟာ မကောင်းတာထပ် ကောင်းတာပိုများလိမ့်မည်။ ဒါဟာ သာမန်လူတွေနဲ့ သက္ကရာဇ်မောင်နဲ့ ကြားက ကွာခြားချက်ပဲ။
အိပ်မပျော်တော့တဲ့အဆုံး သက္ကရာဇ်မောင် သူ့ခေါင်းအုံးအောက်က ဒေါင်း၏ ဖိုတိုအယ်လ်ဘမ်လေးကို အားကိုးတကြီးဖြင့် ဖွင့်ကာ ဒေါင်းရဲ့ဓာတ်ပုံ လေးတွေကိုတစ်ပုံချင်း အမြတ်တနိုးကြည့်နေမိ၏။ ဒါဟာ သက္ကရာဇ်မောင် ညဖက်အိပ်မပျော်တိုင်း လုပ်နေကြ အလုပ်တစ်ခု။
ဒါဟာ တစ်ခေါက်ထပ် မနည်းအလုပ်ဖြစ်ခဲ့ပါသေးသည်။ သို့ပေမယ့် ဒီညတော့ ဘယ်လိုကြည့်ကြည့် ကြည့်ပြီးရင် ကြည့်ချင် မြတ်နိုးပြီးရင်း မြတ်နိုးရရင်းပေါ့။ ဘေးအခန်းက ဒေါင်းတော့ ဘယ်လိုတွေအိပ်နေတယ်မသိ။
"ကျစ် ! ဘာလဲ ဒီခံစားချက်"
လွမ်းနေတာ။ ဟုတ်တယ်။ ဘေးချင်းကပ်အခန်းမှာနေပြီး သက္ကရာဇ်မောင် အခု ဒေါင်းကို မြတ်မြတ်နိုးနိုးဖြင့်ကိုလွမ်းနေမိတာ။
အဟက် !
ဓာတ်ပုံတွေက ဘာအရေးလဲကွာ သက်ရှိကိုးကွယ်ရာလေးက ဘေးအခန်းတင်ရှိနေတာကို။ သက္ကရာဇ်မောင်သူ့ နာရီလေးကို တစ်ချက်မျက်စပစ်ကြည့်လိုက်တော့ အခုက ည ၁၁ နာရီ။
အင်း....
"နောက်မကျသေးပေမယ့် စောလဲစောမနေဘူး"
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.