သက္ကရာဇ်မောင် မနက်၉နာရီရှိပြီ။ အခုထိ အခန်းထဲကမထွက်လာသေး။ အရင်နေ့တွေကဆို Company နောက်ကျနေပြီဆိုပြီး မနက်တိုင်း သက္ကရာဇ်မောင်တစ်ယောက်လောနေတတ်တာ။
Company ဆိုမှတော့ ပိတ်ရက်ရှိမှာတော့မဟုတ်။ သူ့မာမီရဲ့ Company မှာအလုပ်ဝင်နေတာဆိုပေမဲ့ သက္ကရာဇ်မောင်ရဲ့ပုံစံက သူ့မာမီပိုင်တာဆိုပြီးတော့လဲ အလုပ်ကိုပေါ့ပျက်ပျက်လုပ်တတ်တဲ့ ပုံစံမျိုးမဟုတ်။
သက္ကရာဇ်မောင်ကကိုယ့်ထက်စာရင် ငယ်သေးပေမဲ့ ရင့်ကျက်သည်။ အရည်အချင်းရှိသည်။ ကိုယ့်ကိုလဲ လေးစာတာမလို့ အခြေခံလူ့ကျင့်ဝတ်တွေလဲ ရှိတဲ့ လူငယ်တစ်ယောက်။ ဒါကြောင့် သက္ကရာဇ်မောင်သည် ဘယ်အလုပ်အပေါ်မဆို တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမည်။
သို့ပေမဲ့ ဘာကြောင့် အခုထိ အခန်းထဲကမထွက်လာသေးရတာလဲ။
"သခင်လေးဒေါင်းရှင့် သူဇာ သွားနိုးလိုက်ရမလားဟင်"
"ရတယ် ကိုယ်ပဲသွားလိုက်မယ် ပြီးတော့ နောက်တစ်ခုပြောထားဦးမယ် ကိုယ့်အမျိုးသားကို ကိုယ်မရှိလဲ အိပ်ရာနိုးပေးတာမျိုးတွေ အစားစားဖို့ သတိပေးတာမျိုးတွေ မခိုင်းပဲလုပ်စရာမလိုဘူး"
"ကိုယ့်အမျိုးသားကို ကိုယ်ပဲကြည့်မယ် ဒီအိမ်မှာ ကိုယ်ရယ် ကိုယ့်အမျိုးသားရယ်ကလွဲရင် အမျိုးသမီးတွေပဲ ရှိတာမို့ ကိုယ်တို့လဲ အနေအထိုင်ဆင်ခြင်မယ် မင်းတို့ဘက်ကလဲ အနေအထိုင်ဆင်ခြင်ပါ"
"ဟုတ် ဟုတ်ကဲ့ သခင်လေး"
ဒီလိုနဲ့ ဒေါင်း သက္ကရာဇ်မောင်၏ အခန်းရှေ့သို့ရောက်လာ၏။
ဘယ်လိုပဲ ကိုယ့်အမျိုးသားဖြစ်နေပါစေ။ အထဲကလူ ခွင့်ပြုချက်မရှိပဲ အသားလွှတ်ဝင်သွားရအောင်လဲ ဒေါင်းသည် ယဉ်ကျေးမှုမရှိသည့်လူ ၊ တစ်ဖက်လူကို လေးစားမှုမရှိသည့်သူ မဟုတ်တာကြောင့် ဦးစွာ တံခါးခေါက်ရန်ပြင်လိုက်သည်။
"ဒေါက်ဒေါက်"
"ဒေါက်ဒေါက်"
"ဒီတိုင်း ဝင်လာခဲ့လိုက်ပါလားဗျာ"
အင်း အသံက နေမကောင်းတဲ့အသံပဲ။ ဒါကြောင့် သက္ကရာဇ်မောင် မနက်၉နာရီခွဲရှိနေပြီ။ အခုချိန်ထိ အခန်းထဲကထွက်မလာသေးတာကို။
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.