"ဒေါင်း မောင်လဲလိုက်မှာလို့....."
နေမကောင်းရင်ကို သက္ကရာဇ်မောင်က ကလေးလိုဖြစ်သွားတာလား။ နဂိုကတည်းက ကလေးလေးလား။
ဟူးး မောတယ် တကယ်ပါပဲ။ ညက လူကို အတင်းဆွဲခေါ်ပြီး ခြံထဲမှာ ၁၅မိနစ်လောက်လမ်းဆင်းလျှောက်လိုက်တာ ညဖက်ကျ သက္ကရာဇ်မောင် အဖျားတွေ တက်ပါလေရော။ လူကိုလဲ အရမ်းအေးတယ်ဆိုပြီး တင်းတင်းကျပ်ကျပ်ဖက်ထားတော့တာ။ ဒေါင်း ညက သူ့ကြောင့် ကောင်းကောင်း အိပ်မရခဲ့။
တကယ်တော့ အဖျားကပျောက်နေရတော့မယ့်ဟာကို ပြောလို့ရတာမဟုတ်ဘူး။ သက္ကရာဇ်မောင် တစ်ယောက် သူကိုယ်တိုင်ကိုက လူကိုရစ်ချင်လို့ တမင် ဖျားအောင်လုပ်နေတာလားပဲ။
အခုလဲ ဒေါင်း နေ့တစ်ပိုင်းလောက် Company ခဏသွားမလို့ဟာကို သူလဲ လိုက်ရကောင်းစေဆိုပြီး အဝတ်တွေထလဲနေလေရဲ့။
"မရဘူး နေခဲ့ အိပ်ရေးလဲ မဝသေးဘူးမဟုတ်လား"
"ဒေါင်း....."
"မရဘူးနော် သက္ကရာဇ်မောင် ကိုယ့်ကို အလုပ်သွားခါနီး စိတ်ရှုပ်အောင်မလုပ်နဲ့"
"ဒါဆို ခင်ဗျားလဲ မသွားနဲ့"
"အဲ့လိုမရဘူးလေ"
"မောင် နေမကောင်းဘူးလေလို့"
"ဘာနေမကောင်းတာတုန်း နေကောင်းနေပြီ ညက ကိုယ် အဲ့လောက်လုပ်ထားပေးတာ"
"ဘာ ဘာလုပ်တာလဲဟင် ညက ဒေါင်း မောင့်ကို ဘာလုပ်တာလဲ"
"ရေပတ်တိုက်ပေးတာ တစ်ညလုံးငြီးနေလို့ ဖက်ထားပေးရတာ ပြီးတော့...."
"ပြီးတော့ဘာဖြစ်လဲ ဆက်ပြောလေ ခင်ဗျားရဲ့"
"ကျစ် ! တော်ပြီ သက္ကရာဇ်မောင် နေခဲ့ဆိုနေခဲ့ ကိုယ်လဲ ခဏပဲ ပြန်လာခဲ့မယ် ကားတော့ယူသွားမယ်"
"......."
"အဟမ်း အဟမ်း"
ဒီလို ချောင်းဟန့်နေပုံပေါက်ရင် ဒေါင်း သိလိုက်ပါပြီ။
သက္ကရာဇ်မောင်တစ်ယောက် သီချင်းဆိုပေဦးတော့မည်။
နေမကောင်းဖြစ်နေလို့သာတော်သေးသည်။ ဒေါင်းကတော့ သက္ကရာဇ်မောင်ကချောင်းဟန့်ပြနေလဲ ဂရုမစိုက်ပဲ အလုပ်သွားဖို့ အတွက်သာ ပြင်ဆင်နေလိုက်သည်။
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.