"Hello ဒေါင်းရေ..."
"အင်း !"
"Company မှာလား"
"ကိုယ်အိမ်မှာမရှိရင် Company မှာပေါ့ သိနေတဲ့ဟာကို လာမေးနေတယ်"
"မောင်ကအတည်ပြုချင်လို့ပါ ခင်ဗျားရဲ့"
"......"
"ဒါနဲ့ ဘာလို့အစောကြီးသွားလိုက်တာလဲဟင်"
"မစောပါဘူး ကိုယ်လာတာ အချိန်မှန်ပဲ"
ဟူး....
သွားပြီ။ ငါတော့ သွားပါပြီကွာ။ ဒေါင်းက အလုပ်ချိန် ၉ နာရီမှကို ၈နာရီကတည်းက Company သွားလိုက်တာ ဘယ်လောက်တောင်များမောင့်ကို စိတ်ဆိုးနေလို့ ဒီလိုမလုပ်ဖူးတဲ့ အလုပ်တွေအထိတောင်လုပ်နေရတာလဲ။ အခုလဲ ဒေါင်းက Company ကိုသွားစရာမလိုပဲသွားလိုက်ပြန်ပြီ။ မောင့်မျက်နှာတောင် မမြင်ချင်တော့ဘူးလား ခင်ဗျားလေးရယ်။
"သက္ကရာဇ်မောင် ပြောစရာမရှိရင် ဒါပဲ !"
"မဟုတ်ဘူးလေဒေါင်းရဲ့ ပြောမှာ မောင်ပြောမယ်နော်"
"အင်း !"
"နေ့လည်ကျရင် အိမ်မှာ ထမင်းပြန်စားမှာလား"
"မစားတော့ဘူး ရတယ်"
"ဒါဆို မောင် ခင်ဗျားနားလာခဲ့ရမလား နေ့လည်ကျရင် မောင်တို့ အတူတူအပြင်မှာတစ်ခုခုစားမယ်လေ"
"မစားဘူး ကိုယ်မအားဘူး မင်းလဲမအားဘူးမဟုတ်လား"
"ကျစ် ! ဒေါင်းရယ် မောင်တောင်းပန်တယ်လို့ဆိုကွာ"
"ဘာအတွက်လဲ"
"မောင်မနေ့ကအိမ်ပြန်နောက်ကျ..."
"ကျစ် ! မင်းမနေ့က အိမ်ပြန်နောက်ကျတာကို စိတ်ဆိုးတာမဟုတ်ဘူးလို့ ကိုယ်ဘယ်နှစ်ခါပြောရမလဲ"
"ဒေါင်း မောင် တကယ်တောင်းပန်ပါတယ်ကွာ မောင် မနေ့ညက စကားပြောတာ လွန်သွားတယ်"
"စကားပြောတာလွန်တာကိုလဲ ကိုယ်အပြစ်မပြောဘူး ဘယ်သူပဲဖြစ်ဖြစ် ဒေါသဖြစ်လာရင် အပြောအဆိုလောက်ကတော့ မှားတတ်ကြတာပဲ ကိုယ်စိတ်ဆိုးတာက မင်းဘယ်လိုများ ကိုယ့်ကို အထင်လွဲနိုင်ရတာလဲ"
"ဒေါင်း မောင်ရှင်းပြပြီးပြီလေကွာ မောင်ခင်ဗျားကို အထင်လွဲတာ မဟုတ်ရပါဘူးဆိုနေ"
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.