"Strawberries & cigarettes always taste like you..."
ကြည့်ရတာ သက္ကရာဇ်မောင် ညကအိပ်မပျော်ဘူးထင်ပါရဲ့။ ဒေါင်းတောင် ထိုင်ရာကမထပဲအလုပ်လုပ်နေတာ နေ့လည် ၁၂နာရီရှိသွားပြီ။
ကုတင်ပေါ်က နေမကောင်းဖြစ်နေသူကတော့ တုန်နေအောင်အိပ်နေလေရဲ့။ ကြည့်ရတာ အဲ့လောက်ကြီးလဲဖျားတာမဟုတ်။ ဘာပဲဖြစ်ဖြစ်ပါလေ မနက်စာလဲမစား ကိုယ်လက်လဲမသန့်စင်သေးပဲ ဒီလို အိပ်မြဲအတိုင်း အိပ်နေတာတော့ မဟုတ်သေး။
အခုတောင် သက္ကရာဇ်မောင် ရဲ့ဖုန်းကလာနေတာ Ringtone ကအသံကကျယ်ပါလျှက် အိပ်နေသူကနိုးမလာသေး။ ဖုန်းက ဒေါင်းအခုလက်တင်အလုပ်လုပ်နေတဲ့
သက္ကရာဇ်မောင်ရဲ့စားပွဲပေါ်မှာတင်ရှိပါသည်။ဖုန်းလာနေတဲ့အသံကို အိပ်နေတဲ့ သက္ကရာဇ်မောင်ထပ်ဒေါင်းကပိုကြားနေရပေမယ့် သက္ကရာဇ်မောင်ရဲ့ဖုန်းကို ဒေါင်းဟာ မျက်စောင်းနှင့်ပင် လှည့်၍မကြည့်ပါ။ သူတစ်ဖက်သားရဲ့ Privacy ကိုလေးစားရမယ်ဆိုတာ ဒေါင်းအတွက်တော့ မသင်ပေးရင်တောင် တတ်နေသည့် လေးစားစရာ အပြုအမှုတစ်ခု။
"ကိုင်လိုက်လေဗျာ....."
ဒေါင်း အိပ်နေတဲ့ သက္ကရာဇ်မောင်ကိုနိုးပြီလားလို့တစ်ခဏလှည့်ကြည့်မိတော့ သက္ကရာဇ်မောင်က ကုတင်မှာထိုင်လျှက်လက်ပိုက်ကာ ဒေါင်းကို ကြည့်နေလေရဲ့။
"မင်းနိုးနေတာပဲ မင်းကိုင်လေ ပြီးတော့ ကိုယ့်ဖုန်းလာနေတာ မဟုတ်ဘူး မင်းဖုန်းလာနေတာ"
"ကျွန်တော့ဖုန်းလာနေမှန်းသိတယ် မထနိုင်လို့ ခင်ဗျားကိုကိုင်ခိုင်းတာ ကိုင်ပေးပါဗျာ"
မထနိုင်ဘူး။ ဒါက မထနိုင်ဘူးတဲ့လား။ ကုတင်ပေါ်မှာတောင် ဇိမ်ပြေနပြေ တင်ပလင်ခွေထိုင်ပြီး လက်ပိုက်ကာ ဒေါင်းကို အခန့်သားကြည့်နေတဲ့သူကမထနိုင်ဘူးတဲ့။
သက္ကရာဇ်မောင် ကမုသားလဲဆိုတတ်တာပဲလား။ ဒါမှမဟုတ် ကိုယ်နဲ့အပျော်တမ်းလာကစားနေတာမျိုးလား။
"Strawberries & cigarettes always taste like you..."
ကျစ် !
"ကိုင်လိုက်ပါ ခင်ဗျားရယ် ဟိုဘက်က ခဏခဏ ခေါ်နေရတာ အားနာစရာ"
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.