Part 15 ( Unicode )

26.3K 1.8K 48
                                    

"ဒေါင်း....."

"အင်း....."

"ရောက်ပြီ ထတော့"

"အာ ဆောရီး ကိုယ်အရမ်းအိပ်မိသွားလား"

အဟက် !

ဟုတ်တယ်။ အိပ်သွားတာ။ မောင် သီချင်းဆိုပြတာ နားထောင်ပြီးတာနဲ့ တုန်နေအောင်အိပ်သွားတာ။

တကယ်တော့ ပြင်ဦးလွင်က သက္ကရာဇ်မောင်၏မာမီပိုင်သည့် စံအိမ်ကိုရောက်နေတာ နာရီဝက်ရှိနေပြီဖြစ်သည်။ ဒေါင်းက နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတော့ သက္ကရာဇ်မောင် ကဘာရယ်မဟုတ် ထစ်ခဏတာ မှင်သက် လျှက် ကြည့်နေမိတာမို့ အခုမှသာ ဒေါင်းကိုနိုးဖြစ်သည်။

"ထားခဲ့ ဘာမှမသယ်နဲ့ သွားတော့သွား အထဲမှာ အလုပ်သမားကောင်မလေးနှစ်ယောက်စောင့်နေလိမ့်မယ် အခန်းလိုက်ပြခိုင်းလိုက် မောင်မနက်ထဲက ရှင်းခိုင်းထားတယ်"

"မင်းကရော"

"မောင် ပစ္စည်းတွေခဏချပြီးတာနဲ့ တက်လာခဲ့မယ်"

"အင်းအင်း"

ထိုသို့ပြောတော့မှ ကားပေါ်ကနေ အိပ်ချင်မူးတူး ဆင်းသွားတဲ့ ဒေါင်းကို ကြည့်ကာ သက္ကရာဇ်မောင်အသဲတွေယားနေမိသည်။ တစ်သက်နဲ့တစ်ကိုယ် ရန်ကုန်ကနေ ပြင်ဦးလွင်ကို ၁၀ နာရီကျော် ကားမောင်းပြီးလာရတယ်ဆိုတာ သက္ကရာဇ်မောင် အတွက်တော့ ဒါဟာ ပထမဦးဆုံးပင်။ ဒေါင်းပါလို့သား ကားကိုလိပ်နဲ့အပြိုင်မောင်းလာရတာမို့ ဒီအချိန်မှသာ ပြင်ဦးလွင်ကိုရောက်သည်။

အခုလဲ ဒေါင်းက ည၁၁နာရီကျော်နေပြီကို မနိုင်နင်းနှင့်ဖြင့် ပစ္စည်းတွေချဖို့က လုပ်နေသေးသည်။ မျက်လုံးလေးကဖြင့် အိပ်ချင်နေတော့သိပ်ပွင့်ချင်တာမဟုတ်ဘူး။

ဟင်းးး ထိခိုက်ကုန်မှဖြင့်...

ဒေါင်း သက္ကရာဇ်မောင် ပြောသည့်အတိုင်း စံအိမ်ကြီးထဲဝင်လာ‌တော့ အသက်၂၀ ကျော်အရွယ် ကောင်မလေးနှစ်ယောက်က ရပ်စောင့်နေ၏။

"သခင်လေး နားဖို့အခန်းက အပေါ်ထပ်မှာပါရှင့် လှေကားရဲ့ ညာဖက်အခန်းပါ"

"အင်း ဟုတ်ပြီ"

‌တကယ်တော့ ဒေါင်း ခုဏကအထိကို အိပ်ချင်မပြေသေး။ သို့ပေမယ့် စံအိမ်ထဲလဲ ရောက်ရော ပကတိအဟုတ်ကို မျက်လုံးပြူးသွားရတာပါ။ ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးခဲ့တဲ့ စံအိမ်ကြီးကဲ့သို့ မြန်မာမှု အနုပညာ ပန်းချီလက်ရာတွေရယ် ရိုးရာဆန်တဲ့ အပြင်အဆင်များရယ်။ တကယ်ကို ကျက်သရေရှိသည့် စံအိမ်ကြီးပင်။

ᴅᴀᴜɴɢWhere stories live. Discover now