Part 30 ( Unicode )

23.6K 2.2K 60
                                    

"Hello ဟုတ်ကဲ့ ဒယ်ဒီပြောပါဗျ"

"ဒေါင်း....."

"သား မာမီနေမကောင်းဘူးတဲ့ ဒယ်ဒီက အလုပ်နဲ့ မြင်းခြံခဏရောက်နေတယ် သားမာမီကနေမကောင်းရင် ဒယ်ဒီ့ကို ရစ်နေကြသိတယ်မလား အခုလည်း ဒယ်ဒီ့ကိုချက်ချင်းပြန်လာရ‌ကောင်းစေလုပ်နေလို့ သားအားရင် တစ်ရက်လောက်သွားကြည့်ပေးပါဦး ဒယ်ဒီက ဒီမှာတစ်ပါတ်လောက်ကြာဦးမှာမလို့"

"ဟုတ်ကဲ့ ဒယ်ဒီ ဒေါင်းလဲ ရန်ကုန်ပြန်တော့မှာမလို့ ဒီနေ့ပဲပြန်ပြီး မာမီ့ဆီ ရန်ကုန်ရောက်တာနဲ့ ဝင်လိုက်ပါ့မယ်ဗျ"

"ဟုတ်ပြီ သားကိုပဲအပ်ပါတယ်ကွာ သား မာမီက ကလေးလဲမဟုတ် နေမကောင်းဖြစ်ရင်ကို ဒယ်ဒီ့အ‌ပေါ်ဒီလိုပဲ သားလဲသိတဲ့အတိုင်း"

"ဟုတ် ဒယ်ဒီ ဒေါင်းလဲ စိတ်ပူတယ် မာမီနဲ့က အဆက်အသွယ်ပြတ်နေတာကြာပြီမို့ သား ရန်ကုန်ပြန်ရောက်တာနဲ့သွားကြည့်လိုက်ပါ့မယ် ဒယ်ဒီစိတ်ချပါဗျ"

"ဟုတ်ပါပြီ ဒါဆို ခဏနေ ဒယ်ဒီ Meeting ရှိသေးတာမို့ ဖုန်းချတော့မယ်နော်"

"ဟုတ်ကဲ့ပါ‌‌ဗျ"

သက္ကရာဇ်မောင်ရဲ့ ဒုက္ခက ဒေါင်းသူ့အိမ်နဲ့ ဖုန်းပြောတိုင်း အပြေးနားထောင်ရတာပဲ။ တစ်ခါတစ်လေ ခိုးနားထောင်တယ် ၊ တစ်ခါတစ်လေ ပေါ်တင်နားထောင်တယ်။ သက္ကရာဇ်မောင်နဲ့ဘာဆိုင်လို့ ဒေါင်းသူ့အိမ်နဲ့ဖုန်းပြောတိုင်း အပြေးနားထောင်ရတာလဲဆိုရင် ဒေါင်းက သူ့မိသားစု အထူးသဖြင့် သူ့ဒယ်ဒီနှင့် သူ့မာမီအနားဆိုရင် သူ့ကိုယ်သူ နာမ်စားလေးအဖြစ် ဒေါင်းလို့ သုံးနှုန်းတတ်လို့ပဲဖြစ်သည်။ ‌သက္ကရာဇ်မောင်က ဒေါင်း သူ့ကိုယ်သူ ဒေါင်းလို့နာမ်စားသုံးပြောရင် သိပ်ကိုသဘောကျတာ။

သက္ကရာဇ်မောင်က သူနဲ့ဆိုရင်လဲ အဲ့လိုလေးပြောပါလားလို့ ဒေါင်းကိုတောင်းဆိုဖူးပါသည်။ ဒေါင်းကလဲ ပြန်ချေပရှာပါသည်။ သေလိုက် တဲ့။ သက္ကရာဇ်မောင်ကတော့ လက်လျှော့လိုက်ရုံပေါ့။ သက္ကရာဇ်မောင်ကို မောင်လို့ခေါ်ခိုင်းတာတောင် ဒေါင်းက ဒီလောက်ဈေးဆစ်တာ ဒီ ကိစ္စက‌တော့ တစ်သက်လုံးအတွက်ဖြစ်နိုင်မည်မဟုတ်။ ဒါကြောင့် သနားစရာ သက္ကရာဇ်မောင်မှာ ဒေါင်းသူ့အိမ်နဲ့ ဖုန်းပြောတိုင်း ရှိသမျှ အလုပ်အကုန်ချကာ အပြေးနားထောင်ရသည်။ အဲ့လိုအချိန်ဆို ဒေါင်းက အမြဲ သက္ကရာဇ်မောင်ကို သနားစရာအကြည့်ဖြင့်ကြည့်ကြီး ခေါင်းကိုဟိုဘက်ဒီဘက်ခါရမ်းရှာသည်။ တစ်ခါတစ်လေဆို မောင်က ဆေးတောင်တိုးပါ့မလားဟုလဲ သက်ပြင်းတစ်ချချဖြင့် ပြောသွားသေးသည်။

ᴅᴀᴜɴɢWhere stories live. Discover now