Part 37 ( Unicode )

19.3K 1.2K 31
                                    

"ဘေဘီ....."

"ဘာတုန်း !"

"ဘေဘီ့လက်ထဲကဟာကြီးကို ချပါ ကလေးရယ်"

"မချနိုင်ဘူး အနားကပ်ဖို့ပဲတွေးမနေနဲ့ ခင်ဗျားကြီး အပြစ်တွေလုပ်ထားတယ်လေ အဲ့တာတွေအရင်ရှင်း"

ဟူး

ဒီကလေးတော့ လူကို လက်စားချေနေပါပြီ။ ခြိမ်းခြောက်စရာရှားလို့ ကျင်စက်နဲ့များ ခြိမ်းခြောက်ရတယ်လို့ကွာ။ ဒီကတော့ ဒီည အတွက် ရှယ်ကြိမ်းထားတာ။ မတွေ့ရတာလဲကြာ‌တော့ လွမ်းခဲ့ရတဲ့ စိတ်တွေနဲ့။ အခုတော့ ခန့်ရဲ့ ကျင်စက်ကြောင့် ကိုယ့်မှာ သူ့အနားကိုကပ်လို့မရ။

‌ဘေဘီတစ်ယောက်ဒီလိုအော်ဟစ်သောင်းကျန်းနေရင် မာမီကတော့ သူ့ကလေးကို အနိုင်ကျင့်နေပြန်ပြီလားဆိုပြီး ကိုယ့်ကို ဆူဦးမည်။ တကယ်တော့ ကောင်းကင်ယံ နှင့်ခန့် ဒီအိမ်ကိုရောက်ကတည်းက ဘေဘီကတော့ မာမီ့ကျေးဇူးနှင့် အဆူခံလွှတ်သွားပေမယ့် ကောင်းမှာတော့ ယောက္ခထီးနှင့် ယောက္ခမကြီးပြန်သွားပြီးတာတောင် ‌မာမီက သူ့အခန်းထဲခေါ်ပြီး တရားချတာခံရသေးသည်။ ခန့်အထင်လွဲသွားတဲ့ ကိစ္စနှင့်ပက်သက်ပြီးလည်း အစအဆုံး မာမီ့ကို ပြန်ရှင်းပြရသလို ငါ့သမက်လေးကိုစိတ်ချမ်းသာအောင်မထားဘူးဆိုပြီး ဆူခံရတာလဲ နှစ်ပြားမတန်အောင်ပါပဲ။

မာမီ့ဆီကလဲလွှတ်ရော အပေါ်ထပ်မှာ အခန်းအောင်းနေသည့် ဘေဘီ့ဆီလာတော့ ဘေဘီက ကျင်စက်လေးကို ကိုင်လျှက် လူကိုထိရဲရင်ထိကြည့်လိုက်ပါဆိုပြီး အခန်းဝက ကြိုဆိုနေသည်။ အဲ့ကတည်းက အခုထိ ‌ကောင်း ခန့်ကို အာဘွားလေးတောင်ပေးလို့မရသေး။ ကျင်စက်ကိုလက်ကမချစတမ်း လူကို ခြိမ်းခြောက်တာ။ ဘေဘီရေ အဲ့ ကျင်စက်ဘယ်ကရတာလဲလို့မေးတာ လူကို ပြောင်စပ်စပ်လုပ်ပြပြီး ခန့် ပြန်ဖြေလိုက်တာက ကိုကို့ညီမလေး ဝယ်လာပေးတာတဲ့။

ဘေဘီကတော့ ကိုယ့်ကိုမာမီနဲ့ပါပေါင်းပြီးအနိုင်ကျင့်ရတာ အားမရလို့ ကိုယ့်ညီမလေးနဲ့ပါပေါင်းပြီး နိုင်စားနေလေ၏။ ဒီကြားထဲ ဒယ်ဒီက လဲ ဖုန်းဆက်ပြီးဆူသေးသည်။ ဒီတစ်ရက်နှစ်ရက်အတွင်း ဒယ်ဒီပြန်လာပြီး သားတို့ကို လက်ထပ်ပေးတော့မှာမလို့ သင့်သင့်မြတ်မြတ်နေကြပါတဲ့။

ᴅᴀᴜɴɢWhere stories live. Discover now