Part 23 ( Unicode )

22.6K 1.5K 57
                                    

"မာမီ မပြန်သေးဘူးလားလို့"

"သက္ကရာဇ်မောင်ရယ် ဘယ်လိုတွေဖြစ်နေတာလဲ မာမီတစ်ရက်နှစ်ရက်နေပါရစေဦး"

"မာမီကလဲ အလုပ်ကြောင့်လာတာဆို အလုပ်လဲပြီးပြီမဟုတ်လား မပြန်သေးဘူးလား မာမီရယ် ဒေါင်း နေရခက်အောင်"

"အမလေး ငါ့သမက်နဲ့ငါနဲ့က အနေသားကြီး မင်း သာနေရခက်နေတာ"

"......"

ဒီကလေးမဟုတ်တော့ဘူး။ မနက်နိုးတည်းက လူကို အတင်းနှင်လွှတ်နေတာ။ ဒီကတော့ ဒီသားနှစ်ယောက်အဆင်ပြေပါ့မလားဆိုပြီး လာကြည့်တာ သူတို့က အပြေလွန်လို့ ကိုယ့်ကိုတောင် အတင်းနှင်လွှတ်နေပြီ။

"မာမီလို့...."

"အေး ပြန်မယ် သက္ကရာဇ်မောင်ရယ် မာမီပြန်မယ်ဟုတ်ပြီလား ဒါပေမယ့် သား ရန်ကုန်ပြန်ရောက်တာနဲ့ အလုပ်တွေကို အရင်ကထပ်နှစ်ဆပိုလုပ်ရမယ်ဆိုတာကိုမမေ့နဲ့နော်"

"မာမီကဗျာ သား ဒေါင်းနဲ့ပြန်တိုင်မှာနော်"

"အမလေး ဒေါင်းနဲ့တော့ပြန်မတိုင်လိုက်ပါနဲ့ မောင်မင်းကြီးသားရယ်"

"ဒါပဲနော် မာမီ သားလဲ မာမီနဲ့အတူ အကြာကြီးနေချင်တာပေါ့ ‌‌ဒါပေမယ့် ဒေါင်းက မာမီအောက်ထပ်မှာရှိနေတယ်ဆိုပြီး ညဖက်ရေဆင်းသောက်လဲ သူ့မှာ ခြေသံမကြားအောင်လုပ်နေရတာ သားအပေါ်မှာရှိနေလဲ စကားကိုကျယ်ကျယ်မပြောနဲ့ အိမ်မှာ လူကြီးရှိတယ် လမ်းလျှောက်လဲ ခြေသံမကြားစေနဲ့ အောက်မှာ လူကြီးရှိတယ်ဆိုပြီး နားပူဆာပူတွေလုပ်လွန်းလို့ပါဗျာ"

"ဟုတ်ပါပြီ သက္ကရာဇ်မောင်ရယ် နေဦး လာဦး မာမီ့နား"

"ဟုတ်"

သက္ကရာဇ်မောင်လဲ ဟိုဘက်လျှောက် ဒီဘက်လျှောက်လိုက်နှင့် မာမီ့ကိုတရားချနေရတာ ညောင်းလာတာကြောင့် မာမီ စာထိုင်ဖတ်နေတဲ့ ဆိုဖာထိုင်ခုံ ရဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်လေ၏။

"ဒေါင်းကို သားကချစ်လား"

"ဟုတ် ချစ်တယ်ဗျ"

"အင်း ဒေါင်းဘက်ကရော"

"ကြိုးစားပေးမယ်ပြောတယ် မာမီ"

ᴅᴀᴜɴɢWhere stories live. Discover now