၆ နှစ်ခန့်ကြာသော်...
"မောင်ရေ..."
"ဗျာ ဗျ"
"မောင့် မာမီဝယ်ထားပေးတဲ့ ကိုယ့်ရဲ့ပုဆိုးအကွက်လေး တွေ့မိလား"
"မတွေ့မိဘူးလေ ခင်ဗျားလေးရဲ့ ဒါပေမယ့် မောင်တွေ့အောင်ရှာပေးမယ်နော် ဘယ်လိုပုံစံလေးလဲမောင့်ကိုပြော"
"အဲ့တာက ရိုးရိုးလေးပါပဲ မောင်သိတယ်လေ မောင် မနေ့ကအဝတ်တွေလျှော်တယ်မဟုတ်လား"
"အော် ဟုတ်သားပဲ အဲ့ထဲပါသွားတာနေမယ် မောင့်ကို ခဏလေး ခွင့်ပြုဦးနော်"
"အင်း...."
ဒေါင်းကတော့ ဘာရယ်မဟုတ် အဲ့ဒီပုဆိုးလေးပျောက်နေလို့ မောင်များသိမလားဆိုပြီးမေးမိရုံပါ။ မောင်ကတော့ ထုံးစံအတိုင်း ဒေါင်း စိတ်ကွက်သွားမစိုး ဝမ်းနည်းသွားမစိုး မျက်နှာလေးမဲ့သွားမစိုး ကြောက်ပြီး အဲ့ဒီ ပုဆိုးလေးကို မတွေ့တွေ့အောင် ပြေးရှာလေသည်။
တစ်ခဏကြာတော့ အဲ့ဒီပုဆိုးလေးကို ကိုင်ပြီး ဒေါင်းအနား ပြန်ရောက်လာကာ မောင်ပြောလိုက်တာက...
"ဒေါင်းရေ မောင်တွေ့ခဲ့ပြီ" တဲ့။
"အင်း မောင် လျှော်ပြီးသားလား"
"ဒါလေးက မလျှော်ရသေးဘူး ခင်ဗျားရဲ့ ခင်ဗျားက ဝတ်မှမဝတ်တာ မာမီဝယ်ထားပေးကတည်းက သိမ်းထားတာမဟုတ်လား မောင် ဒါကို ခင်ဗျားရဲ့ အဝတ်ဗီရိုထဲက တွေ့ခဲ့တာဗျ ကြည့်စမ်း မောင့်အမျိုးသားလေး အသက် ၃၇ နှစ်ထဲရောက်လာတော့မေ့တတ်လာပြီပဲ ဒါပေမယ့် ဘယမှမပူပါနဲ့ မောင်ရှိတယ်နော်"
" သက္ကရာဇ်မောင် ! ဘာလဲ အခုမင်းက ကိုယ့်ကို အဖိုးကြီးလို့ပြောချင်တာလား"
"ဟောဗျာ မဟုတ်တာ မောင်ပြောတဲ့အထဲမှာ အဖိုးကြီးလို့ တစ်ခွန်းမှမပါဘူးနော်"
"အင်း အခန်းပြင်ထွက်မအိပ်ချင်ရင် ကြပ်ကြပ်သတိထားနေနော်"
"ဟုတ်ကဲ့ပါဗျာ မောင် သတိထားပြီးနေပါ့မယ်ဗျ"
"အင်း..."
"နေပါဦး ခင်ဗျားက ဒီပုဆိုးကိုရှာပြီး ဘာလုပ်မလို့တုန်း"
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.