"အော် ရောက်လာပြီလား"
"ဟုတ်ကဲ့ MD ရောရှင့်"
"အင်း ခဏလေး ကိုယ်ခေါ်ပေးမယ်"
ကိုယ့်ကိုအရင်တွေ့ပါလျှက်နှင့် ကိုယ့်အမျိုးသားကိုအရင်ရှာတယ်ဆိုတော့ ဒေါင်း၏စိတ်ထဲ စနိုးစနှောင့်ဖြစ်သွားရပေမယ့် သက္ကရာဇ်မောင်ကိုခေါ်ရန်သာ စံအိမ်၏အပေါ်ထပ်သို့တက်ခဲ့ရသည်။
ထိုအချိန် ဒေါင်းကလဲသွားခေါ်မည်အလုပ် သက္ကရာဇ်မောင်ကလဲလှေကားပေါ်က အဆင်း။
"အော် MD ရောက်လာပြီလားရှင့်"
"နေဦး မထိုင်နဲ့ ငါ့အမျိုးသားခွင့်ပြုမှမင်းထိုင်ရမယ်"
"ကိုယ်ကရပါတယ် ထိုင်ထိုင်"
"အာ ဟုတ်"
"အဟမ်း ! သက္ကရာဇ်မောင် ကိုယ်နဲ့မဆိုင်တော့တာမို့ အပေါ်တက်တော့မယ်နော်"
"ခင်ဗျားသဘောပါဗျာ"
သက္ကရာဇ်မောင်ဆီက အဖြေရပြီးချင်းချင်း ဒေါင်းသည် သူ၏သက်ဆိုင်ရာ အခန်းထဲသို့ ပြန်လာခဲ့တော့သည်။
နေ့လည်စာထမင်းစားပြီးထဲက စံအိမ်ကြီးထဲ လမ်းပတ်လျှောက်နေတာ အလုပ်တွေကိုတောင် တစ်ခဏ ပစ်ထားမိသလိုဖြစ်သွားသည်။အတွေးများနှင့် အကြောတစ်ချက်ဆန့်ကာ ဒေါင်းသည် သူ၏ အလုပ်များကို စရန်ပြင်လိုက်တော့သည်။
အောက်ထပ်က လူနှစ်ယောက်မှာတော့
"ဒီမှာ Meeting အတွက်လိုအပ်တဲ့ ဖိုင်လ်နဲ့ စာရွက်စာတမ်းတွေ ရပြီမလား ပြန်တော့"
"ဟုတ် ဟိုလေ MD မလိုက်တော့ဘူးလားဟင် ဒီ Meeting ကအရေးကြီးလို့ပါ"
"မင်းကို ငါ့အမျိုးသားဘာပြောထားလဲ"
"ဒီနေ့ MD Company မလာနိုင်ဘူးလို့ပြောပါတယ်"
"အင်း ငါပါ ထပ်ပြောပေးရဦးမှာလား"
"မဟုတ် မဟုတ်ပါဘူးရှင့် ဟိုလေ MD တစ်နေရာရာများ အဆင်မပြေတာရှိလို့လားဟင်"
"မင်းနဲ့ဘာဆိုင်လဲ"
"......."
"မင်းကိုငါ့မာမီ ခန့်ထားပေးတာမလို့ ဒီလောက်သည်းခံနေတာနော် နောက်တစ်ခါ ငါ့အမျိုးသားစိတ်အနှောက်အယှက်ဖြစ်စေမဲ့ အပြုအမှုနဲ့ အပြောအဆိုတွေ ထပ်လုပ်လာခဲ့မယ်ဆိုရင် မင်းအလုပ်ပြုတ်ပြီလို့သာမှတ်လိုက်"
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.