"၉နာရီ ၁၅ မိနစ်ရှိပြီနော်"
"အင်း သိတယ်"
"Company မသွားသေးဘူးလား မနက်စာလဲစားပြီးပြီပဲ"
"မသွားဘူး ကျွန်တော်မပျော်တော့ဘူး"
"သက္ကရာဇ်မောင် မဟုတ်တာတွေ ပြောမနေနဲ့ အလုပ်ကအလုပ်ပဲ သွားတော့ သွား"
"တကယ်သွားရမှာလား"
"အင်းပေါ့ သွားရမှာလေ"
ဒေါင်းတကယ်ကိုစိတ်မရှည်တော့တာပင်။ သက္ကရာဇ်မောင်နှင့်ဒေါင်း မနက်စာစားပြီးတာ ၈နာရီခွဲထဲက။ သက္ကရာဇ်မောင်ကအခုရက်ပိုင်း ဘာတွေ စိတ်ကူးပေါက်နေတယ်မသိ။ Breakfast အတွက်ဆို သူကိုယ်တိုင်အစောကြီးထကာ ပြင်ဆင်ပေးတတ်သည်။
အရသာကမဆိုးဘူးပဲပြောရမှာပဲ။ ဘာကြောင့်ဆို ဒေါင်းက သက္ကရာဇ်မောင်ကို ဒီလိုတွေလုပ်တတ်တဲ့လူမျိုးလို့လုံးဝမထင်ထားခဲ့တာ။ တစ်ခါတစ်လေ Company ကစောစောပြန်လာတဲ့နေ့တွေဆို Dinner ပါပြင်ဆင်ပေးတတ်သည်။ အဲ့လိုနေ့မျိုးဆို ဒေါင်းက ညစာစားပြီးလဲ ထပ်စားရသည်။ သူကတကူးတကလုပ်ပေးတာကို ခင်ဗျားက မစားဘူးလားဗျာဆိုပြီး မစားမချင်း ဒေါင်းအနား ကလေးလို ကပ်နေလို့ဖြစ်သည်။
အခုလဲဘာဖြစ်ချင်ပြန်ပြီမှန်းမသိ။ အရင်ကဆို သက္ကရာဇ်မောင်သူအိပ်ရာထနောက်ကျတဲ့နေ့များဆို Company နောက်ကျနေပြီဆိုပြီး ရေးကြီးသုတ်ပြာနဲ့။ အခုကျတော့ ၉ နာရီကကျော်လို့မက သွားရင်လဲ လမ်းမှာကြာဦးမှာနဲ့ ဆို Company ကိုတော်တော်နောက်ကျမှရောက်လောက်သည်။ အဲ့တာကိုခုထိနေရာမထသေး။
ဒါပဲလား ဒေါင်းကိုလဲ ပေးမထ။ ပြောစရာရှိလို့လားဆိုလဲ မဟုတ် တမင်ကိုရစ်နေတာမျိုး။"သွားမယ် မောင်လို့ခေါ်"
"အဟွတ် အဟွတ်"
"သက္ကရာဇ်မောင် !!"
ဟုတ်သည်။ သက္ကရာဇ်မောင်ကတော်တော်ကိုထူးဆန်းလာတာ။ သူ့ကိုမောင်လို့ခေါ်ပါဆိုတဲ့ စကားကို ဘာမှမဖြစ်သလိုလဲ ပြောတတ်လာပြီး ကလေးလိုလဲ နေရာတကာ ခင်ဗျားမစားဘူးလားရတယ်လေ မောင်လို့ခေါ် ၊ ခင်ဗျား မသွားဘူးလား ရတယ်လေ မောင်လို့ခေါ် ၊ ဒီလိုလဲ မထင်ရင်မထင်သလို ခြိမ်းခြောက်တတ်လာသည်။
YOU ARE READING
ᴅᴀᴜɴɢ
RomanceThis is a work of fiction. Any names, characters or events are fictional.