Part 21 ( Zawgyi )

6.8K 172 1
                                    

"ဟိုး....."

"ဒါက ဘယ်သွားကြမှာလဲ"

"သက္ကရာဇ်မောင်ရယ် အရှေ့ကဖယ်စမ်းပါဟယ် ငါ့သမက်လေးနဲ့ငါ အေးအေးဆေးဆေး ဒီရောက်တုန်း Shopping ထွက်ပါရစေ"

အမယ် လူတစ်ယောက်လုံးကို ချန်ထားခဲ့ပြီး Shopping ထွက်မလို့ဆိုပဲ။ ဒါကြောင့် ဒေါင်းက အဝတ်လဲမယ်ဟုဆိုကာ အခန်းတံခါးကိုပိတ်ပြီး အခုထိထွက်မလာသေးတာကို။

မာမီဆိုသည်မှာလဲပြင်ထားဆင်ထားလိုက်တာ လက်ဝတ်ရတနာဆိုတာ လည်ပင်းမှာလဲ ပြူး လက်တွေမှာလဲ ပြူး ဒီလိုတွေ မဆင်ထားလဲ သက္ကရာဇ်မောင် မာမီက ရုပ်ရှိရေလျှံဆိုတာ လူသိပြီးသာပါဗျာ။

"မသွားပါနဲ့ မာမီရယ် သွားမယ်ဆိုလဲ သားကိုခေါ်သွား"

"သက္ကရာဇ်မောင်ရေ မရစ်နဲ့စမ်း ရှေ့ကဖယ်ပါဆို"

ရစ်မှာ ရစ်ပေးဦးမှာ။ ဒါကြောင့် ဒီယောက္ခမနဲ့ဒီသမက် မနက်စာစားပြီးကတည်းက ခေါင်းချင်းဆိုင်နေကြတာ။ ဒီကကောင်ကို ရှိတယ်လို့တောင် မထင်ကြဘူး။ တကယ်ပါ သက္ကရာဇ်မောင် ကို ဘယ်သူအချေနိုင်ဆုံးလဲလို့မေးရင် ပထမက သူ့မာမီ ဒုတိယကတော့ သူ့အမျိုးသား ဒေါင်းသက်ဦးပါပဲ။

"သားက သားအမျိုးသားကို လိုလေသေးမရှိ ထားထားတာ ဘာမှဝယ်စရာမလိုပါဘူး မာမီရယ် ဒေါင်းလဲ ဘာမှမလိုဘူး မာမီနော် မာမီ Shopping ထွက်တိုင်း သားလိုက်မကူဘူးဆိုပြီး ဒေါင်းကို အဖော်မရှာပါနဲ့ ဒေါင်းကအေးဆေးသမားပါဗျာ သူ့ဘာသာသူ ပျော်သလိုနေပါစေ"

"သက္ကရာဇ်မောင် ! ထင်ရာတွေလျှောက်ပြောမနေနဲ့ ဒေါင်းကို သားက လိုလေသေးမရှိထားတယ်ဆိုပေမယ့် မာမီက ဝယ်ပေးချင်တာတွေရှိသေးတယ် မာမီ ဒီက ပုဆိုးလေးတွေ ဒေါင်းအတွက် သေချာရွေးပြီး ဝယ်ပေးခဲ့ချင်သေးတယ် ငါ့သမက်က ပုဆိုးနဲ့ဆို သိပ်ကြည့်ကောင်းတာ မင်းလို နားကွင်းတွေနဲ့ လမ်းသရဲမဟုတ်ဘူး"

"ဟာ မာမီကဗျာ"

"ကဲ ဖယ်စမ်းဆို"

"ဟုတ်ပြီဗျာ ပြောမရလဲ သွားကြ ဒါပေမယ့် မာမီ ပုဆိုးကို အရမ်းလှတာတွေ အရောင်တောက်တာတွေ မဝယ်ပေးနဲ့နော်"

"အမလေး ကျွန်မသဘောပါနော် ကဲ မောင်မင်းကြီးသား အရှေ့ကဖယ်လိုက်တော့"

ᴅᴀᴜɴɢWhere stories live. Discover now