Part 26 ( Unicode )

23.7K 1.5K 72
                                    

"သက္ကရာဇ်မောင် ! ဖယ်ပေးတော့လို့"

"မောင် အိပ်ရေးမဝသေးဘူးလို့ ခင်ဗျားရယ် ငြိမ်ငြိမ်နေစမ်းကွာ"

"အိပ်ရေးမဝသေးရင်လဲ မင်းဘာသာမင်းဆက်အိပ်လေ"

"......."

သက္ကရာဇ်‌မောင်က မနက်တိုင်း ဒီလိုပင်။ ဒေါင်းက တစ်ခုခုဖက်ပြီးမှအိပ်တတ်တာကိုသိတော့ အကျင့်ပုပ်ပြီး ဒေါင်းဖက်အိပ်လို့ရတဲ့ ခေါင်းအုံးအသေးလေးတွေနဲ့ ဖက်လုံးလေးတွေကမှအစ အိပ်ရာထဲမထားပဲ ဖွက်ထားသည်။ အကြောင်းအရင်းက‌တော့ သူ့ကိုဒေါင်း ဖက်အိပ်အောင်လို့ဖြစ်သည်။ ဒေါင်းက အိပ်ပျော်သွားရင်ဘာမှမသိတော့တာမို့ မနက်ရောက်တိုင်း သက္ကရာဇ်‌မောင်ရင်ခွင်ထဲရောက်နေတတ်သည်။ ဒါဟာ ဒေါင်းကြောင့်လား သက္ကရာဇ်‌မောင်‌ကြောင့်လားဆိုတာ‌တော့ နိုးနေတဲ့သူပဲသိလိမ့်မည်။

ဒေါင်း Company သွားရမယ့်နေ့ဆိုရင်တော့ သက္ကရာဇ်‌မောင်က ဒေါင်းနိုးလာတာနဲ့ ဒေါင်းကိုအသာတကြည် လွှတ်ပေးပါသည်။ သက္ကရာဇ်‌မောင်လဲအဲ့ဒီလိုနေ့မျိုးဆို စောစောစီးစီး အိပ်ရာကထတတ်သည်။ သို့ပေမယ့် ယခုလို ဒေါင်းနားတဲ့နေ့မျိုးဆိုရင် သက္ကရာဇ်မောင်က အိပ်ရေးမဝသေးဘူး ၊ အိပ်ပါရစေဦး ၊ မောင်ပင်ပန်းနေလို့ပါဆိုသည့် ကလေးဆန်တဲ့ အကြောင်းပြချက်တွေနှင့် ဒေါင်းကိုမလွှတ်စတမ်းဖက်ကာ ပေအိပ်နေတတ်သည်။

ဒေါင်းအတွက်တော့ အခုလို အနားယူတဲ့ရက်မျိုးဆို နိုးလာကတည်းက မနားရပဲ သက္ကရာဇ်‌မောင်ရဲ့ရင်ခွင်ထဲက အတင်းရုန်းထွက်နေရတာကိုက အလုပ်တစ်ခုလိုဖြစ်နေပြီ ဖြစ်သည်။

အခုလဲ သက္ကရာဇ်‌မောင်က လူကိုလွှတ်ပေးပါတော့လို့ပြောနေတာကို ဇွတ်ဖက်ထားပြီး နိုးနေတာကိုလဲ အိပ်ချင်ယောင်ဆောင်နေပြန်သည်။ တစ်ခါတစ်လေတော့လဲ သက္ကရာဇ်‌မောင်ရဲ့ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ကို မကြိုက်ပေမယ့် အကောင်းဖက်ကတွေးကြည့်ရင် သက္ကရာဇ်‌မောင်ရဲ့ ဒီလိုအကျင့်တွေကြောင့်ပဲ ဒေါင်းနဲ့သက္ကရာဇ်‌မောင် တစ်ဖြည်းဖြည်း ပိုရင်းနှီးလာရတာကြောင့် ကျေးဇူးတင်မိပါသည်။

‌‌တကယ်ဆိုရင် သက္ကရာဇ်‌မောင်နှင့် ဒေါင်း ဒီထပ်ပို ရင်းနှီးမှုရလာအောင် ဒေါင်းဘက်ကသာကြိုးစားလုပ်ယူရမယ်ဆိုရင် အချိန်ကတော်တော်ကြာဦးမည်ဖြစ်သည်။

ᴅᴀᴜɴɢWhere stories live. Discover now