Part 36 ( Zawgyi )

5.4K 158 1
                                    

"ကိုကို !"

"ခင်ဗျာ"

"ကိုကို့မာမီအိမ်အရင်သွားလို့မရဘူးလား"

အဟက် !

တကယ်တော့ ကောင်း ခန့်ကို ချစ်စနိုးနဲ့ ကြည့်နေမိတာ သက္ကရာဇ်တို့အိမ်ကနေထွက်လာပြီးကတည်းက ကောင်းလဲ ဒီကိုပြန်ရောက်ရော ကောင်းဒယ်ဒီက ကောင်းကို ဖုန်းဆက်လာသည်။ ဒယ်ဒီမသိအောင်ဘာလို့ခိုးပြန်ရတာလဲ အကျိုးအကြောင်းပြောပြရင် ဒယ်ဒီလဲပေးပြန်မှာပေါ့တဲ့။ ကောင်းကငယ်ငယ်ကတည်းက အိမ်ကပြောစကားကို လွန်ဆန်ခဲ့ဖူးတာမျိုးမရှိ။ အခုတစ်ခါမှသာ ခန့်ကြောင့် အိမ်ကိုပုန်ကန်မိနေခြင်းဖြစ်သည်။

ဒယ်ဒီ့ကိုလဲ ကောင်း အကျိုးသင့်အကြောင်းသင့်ပြောပြပြီးတောင်းပန်ထားရသလို ကောင်းမာမီကလဲ ကောင်းဒီကိုပြန်ရောက်နေမှန်းသိတော့ ဖုန်းတဂွမ်ဂွမ်ဆက်နေလေပြီ။ သက္ကရာဇ်ကိုလဲ ဒီထပ်ပို အပူတွေမပေးချင်တော့ အကိုဒေါင်းနှင့်အတူ မနက်စာစားပြီးတာနဲ့ ကောင်းနှင့်ခန့်
သက္ကရာဇ်မောင်တို့အိမ်မှထွက်လာခဲ့သည်။

ကောင်းမာမီက ကောင်းကိုစိတ်ပူတာထပ် ခန့်ကို စိတ်ပူနေတာဆိုပိုမှန်မည်။ ဖြစ်ကြောင်းကုန်စင်ကိုလဲသိရော ကောင်းကိုဖုန်းထဲကဆူတာလဲ ရက်ရက်စက်စက်ပါပဲ။ ငါ့သမက်လေး မင်းကြောင့် ငါ့အိမ်ပေါ်က ဆင်းသွားတာဆိုပြီး ကောင်းကိုပြောတာရစရာမရှိအောင်ပင်။ ကောင်းမာမီက ကောင်းထပ် ခန့်ကို ပိုချစ်သည်။ အဲ့တာကို သိနေတဲ့ ခန့်ကလဲ ကောင်းမာမီနဲ့ပေါင်းပြီး ကောင်းကို အမြဲနိုင်စားနေကြတာပေါ့။ တကယ်တော့ ခန့်က လူကိုနိုင်စားရရင်ကိုပျော်နေတာ ချစ်ရာလေးပါဗျာ။

ဆန့်ကျင်ဖက်အနေနဲ့တော့ ခန့်က သူ့အိမ်နဲ့ မတည့်သလို အမြဲရန်ဖြစ်ပြီး ကောင်းအိမ်မှာပဲနေသည်။ မာမီကတော့ ခန့်သူ့နားလာနေလေ ပိုကြိုက်လေပဲပေါ့ သူကခန့်ကို သိပ်ချစ်ရှာတာကိုး။ သို့ပေမယ့် ခန့် မိဘတွေကကျတော့ ခန့်ထပ် ကောင်းကိုပိုချစ်သည်။ ခန့်သူ့အိမ်နဲ့စကားများရတဲ့ အကြောင်းအရင်းတွေထဲမှာ အများစုက ကောင်းကြောင့်ဖြစ်သည်။ ကောင်းကခန့်ကို ချစ်တော့ ခန့်ဘာလုပ်လုပ် အပြုံးမပျက်နေနိုင်ပေမယ့် ဒါကို သိတဲ့ ခန့် မိဘတွေကတော့ ခန့်ကို ဆိုးတယ် မလိမ်မာဘူးနဲ့ အမြဲ ဆူနေတာပေါ့။ ခန့်က သူမှားလဲ မှားတယ် ဘာဖြစ်လဲဆိုပြီး အမြဲ မျက်နှာပြောင်တိုက်ပြီး နေတတ်တဲ့ ကလေးဖြစ်သည်။

ᴅᴀᴜɴɢWhere stories live. Discover now