Part 25 ( Unicode )

22.4K 1.5K 40
                                    

"ဟျောင့် ရာခန့်ပိုင်ရော"

"ငါ့ကိုစိတ်ကောက်ပြီး ပြန်သွားပြီ"

"ဘယ်လို..."

ကျစ် !

ဒီကောင်တွေကတော့ ရန်ဖြစ်စရာနေရာအဲ့လောက်ရှားလို့ ဒီအိမ်မှာမှ လာသတ်နေရတယ်လို့။ တော်သေးတာပေါ့ ဒီနေ့ ဒေါင်းက အိမ်မှာမရှိလို့။ ‌အရေးကြီးတဲ့ Meeting ရှိတယ်ဆိုလို့ Company ကိုခဏပို့ထားရသည်။ ခန့်ပြန်သွားတာလဲကောင်းပါသည်။ ခန့်က ကောင်းကင်နဲ့မတူ အပြောလဲကောင်းတော့ ဒေါင်းနဲ့စကားကြောတော့တည့်သည်။ ဒေါင်းကလဲ အိမ်မှာပျင်းနေတော့ ရာခန့်နှင့်ဆို ဟိုအကြောင်းပြော ဒီအကြောင်းပြောဖြင့်အဆင်ပြေပေမယ့် ခန့်က ကိုယ့်အကြောင်း ပေါက်ကရတွေ လျှောက်ပြောမှာလဲကြောက်ရသေးသည်မလား။

"ပြောစမ်းပါဦး ခန့်ကကားပါယူသွားတာလား"

"မယူဘူး အပြင်မှာ ဒီလောက် အန္တရာယ်များတာ ငါစိတ်မချပါဘူးဆိုတာကို သူ့ဟာသူပြန်မယ်လုပ်နေလို့ ငါမနည်းထည့်ပေးလိုက်ရတာ"

ကောင်းကင်ကြည့်ရတာ အတော်ညစ်နေတဲ့ပုံ။ အင်းပေါ့လေ။ ကမ္ဘာပျက်ရင်တောင်တုပ်တုပ်မလှုပ်မဲ့ကောင်က ခန့်နဲ့ ရန်ဖြစ်တိုင်း အမြဲဒီပုံစံပဲမဟုတ်လား။ မထူးပါဘူး။ ဒေါင်းကိုသွားကြိုဖို့လဲက အဝေးကြီးလိုသေးသည်။ အားလဲအားနေတော့ ဒီကောင်တွေဘာဖြစ်လဲဆိုတာ မေးမြန်းစုံစမ်းလိုက်ပါဦးမည်။

ဒီလိုနဲ့ သက္ကရာဇ်မောင် ကောင်းကင်အတွက်ရော သူ့အတွက်ပါ အချိုရည်နှစ်ဘူး ကို ရေခဲသေတ္တာထဲကထုတ်ကာ ကောင်းကင်ယံရှေ့က ဆိုဖာပေါ် ဇိမ်ပြေနပြေထိုင်ချလိုက်ပြီး သူ့ရှေ့က ကောင်းကင်လက်ထဲကို အချိုရည်ဘူးလေး ထိုးပေးလိုက်လေ၏။

"ကျစ် !"

"ဟျောင့် မင်းကလဲကွာ အဲ့လောက်ကြီးညစ်မနေပါနဲ့ အခုမှရန်ဖြစ်ဖူးတာလဲမဟုတ်ပဲနဲ့"

"ဒီတစ်ခေါက်ကမတူဘူးကွ"

"ပြောပါဦး ဘယ်လိုမတူတာလဲ ခန့်ကဒီလိုပဲ မင်းကိုအမြဲ အပြစ်မရှိအပြစ်ရှာနေတဲ့ဟာကို"

"ဒီတစ်ခေါက် ခန့်တွဲတဲ့ကောင်ကွာ ငါ အဲ့ကောင်နဲ့ပက်သက်ပြီး ခံစားချက်မကောင်းလို့ ဖြတ်ရင်ဖြတ်မဖြတ်ရင် လက်ထပ်ဖို့ကိုငါ့ဘက်ကလောရလိမ့်မယ်လို့ပြောလိုက်တာ"

ᴅᴀᴜɴɢWhere stories live. Discover now