Part 14 ( Zawgyi )

7.9K 195 1
                                    

"ဒါကဘာလဲ"

"အရုပ်လေ မမြင်ဖူးလို့လား"

"သက္ကရာဇ်မောင် !!"

"ကျစ် ! ခင်ဗျား ဖက်အိပ်ဖို့ ဝယ်လာပေးတာဗျာ ရပြီလား မနက်ဖြန် မောင် တစ်နေကုန် ကားမောင်းရမှာ ခင်ဗျား မပျင်းရအောင် အဖော်လုပ်ပေးနိုင်မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ခင်ဗျား အိပ်နေရင် ဖြစ်ဖြစ် ခါးညောင်းရင်ဖြစ်ဖြစ် ခုထားလို့ရတာပဲ"

ဟူး...
ဒေါင်းတကယ် သက္ကရာဇ်မောင် နဲ့ပြိုင်မပြောချင်တော့တာပါ။ ခရီးသွားဖို့ လိုအပ်တာလေးတွေ သွားဝယ်ကြရအောင်လို့ ပြောတော့ အလုပ်ကနေလဲအစောကြီးပြန်လာသလို လိုက်လဲ ကူရှာပါတယ်။

အဆာပြေမုန့်လေးတွေဝယ်တာမပြောဘူး။ ဘာလဲ ဒီပန်ဒါ အရုပ်သေးသေးလေးက။ သက္ကရာဇ်မောင် ရဲ့ကားနဲ့ သွားမှာဆိုပေမဲ့ သူ့ကိုချည်းပဲ မောင်းခိုင်းမယ်လို့လဲ မဟုတ်ပါဘူး။ ညောင်းလာရင် တစ်ယောက်တစ်လှည့်မောင်းမှာပေါ့။ အရုပ်ဖက်အိပ်ရအောင် ကလေးလဲ မဟုတ်။ ဒေါင်းကိုကြည့်ပြီး စပ်ဖြီးဖြီးလုပ်နေပုံပေါက်ရင်လဲ ဒါသက်သက်ဒေါင်းကိုစနေမှန်းသိပါသည်။

သို့ပေမယ့် ဒီအရုပ်လေးကိုတော့ သက္ကရာဇ်မောင် ကတကယ်ဝယ်မဲ့ပုံ။

"ကဲပါဗျာ ဝယ်စရာကုန်ပြီမလား လာသွားရှင်းမယ်"

"နေဦးလေ ကိုယ် ဟိုဟာလေး..."

"ဒေါင်း မောင်ဒီကို မလာခင်က ဘာပြောထားလဲ ဟိုမှာလဲ နေဖို့ ခင်ဗျားယောက္ခမ အိမ်ရှိတယ်ဗျာ"

"ခင်ဗျားအမျိုးသားဖြစ်တဲ့ ဒီကောင်မောင်တစ်ယောက်လုံးလဲ ပါနေတယ် ဘာတွေများအဲ့လောက်ဝယ်နေတာလဲ လမ်းခရီးမှာတစ်ခုခုလိုရင် မောင်လုပ်ပေးမှာပေါ့ ဒီလိုဟာတွေကို တွေးပူနေမဲ့အစား မောင့်ကိုသာ အားကိုးဖို့ တွေးစမ်းပါ"

"........"

ပြောတော့လဲ အူကြောင်ကြောင်လေးနဲ့ တကယ်ပါ ဒေါင်း ခင်ဗျားဟာလေ။

တကယ်လဲ သက္ကရာဇ်မောင် မတားလို့ မရတော့။ ခရီးသွားဖို့ လိုအပ်တာလေးတွေဝယ်မယ် လိုက်ကူပေးပြောတော့ ဒီကောင်က အဆာပြေမုန့်လေးလောက်ပဲထင်ထားတာ အိမ်ပြောင်းမှာကျနေတာပဲ ရက်၂၀လောက်သွားမဲ့ ဟာကို ဒီကဟာတွေကို သယ်တာ သယ်တာ မပြီးတော့ဘူး။

ᴅᴀᴜɴɢWhere stories live. Discover now